Skip to main content

ပြည်သူ့လွှတ်တော်၊ ပညာရေး မြှင့်တင်မှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်အောင် Westminster Foundation For Democracy (WFD) ၊ Mr.Neil Carmicheal (ပညာရေးကော်မတီဥက္ကဋ္ဌ (၂၀၁၀ -၂၀၁၇)၊ UK အောက်လွှတ်တော်) ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ

          ပြည်သူ့လွှတ်တော်၊ ပညာရေး မြှင့်တင်မှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်အောင်သည် Westminster Foundation For Democracy (WFD) Mr. Neil Carmicheal (ပညာရေး ကော်မတီ ဥက္ကဋ္ဌ (၂၀၁၀ -၂၀၁၇) UK အောက်လွှတ်တော်) ဦးဆောင်သော အဖွဲ့အား ယနေ့ မွန်းလွဲ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-13) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

          ထိုသို့ တွေ့ဆုံရာတွင် ပညာရေးဆိုင်ရာ မူဝါဒများ၊ ကော်မတီများအား လုပ်ငန်း နယ်ပယ်နှင့် မူဝါဒ အထောက်အကူပေးခြင်း လုပ်ငန်း အစီအစဉ်များ ပြုလုပ်ရန် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

          အဆိုပါ တွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးခမ်ခန့်ထန်နှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်