Skip to main content

ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစိုးသူရထွန်း နိုင်ငံတကာ EITI  အတွင်းရေးမှူးရုံးမှ Ms.Marie Gay Alessandra Ordenes (Regional Director for Southeast Asia and Pacific at EITI) ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစိုးသူရထွန်းသည် နိုင်ငံတကာ EITI အတွင်းရေးမှူးရုံးမှ Ms.Marie Gay Alessandra Ordenes (Regional Director for Southeast Asia and Pacific at EITI) ဦးဆောင်သော အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-10) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ တွင်းထွက်ပစ္စည်းများဖြစ်သော ကျောက်စိမ်း၊ ရေနံ၊ သဘာဝဓါတ်ငွေ့နှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာစေရေးနှင့် စပ်လျဉ်း၍  ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌနှင့်အတူ ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်