Skip to main content

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း Jardine Matheson Holdings Limited ၏ အမှုဆောင် ညွှန်ကြားရေးမှူးအား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် Jardine Matheson Holdings Limited ၏ အမှုဆောင် ညွှန်ကြားရေးမှူးဖြစ်သူ Hon. Lord Sasson အား ယနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် လွှတ်တော်ရေးရာဆောင်အမှတ် (I-11) ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာရေး၊ သွင်းကုန်ပို့ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကြိုးနီစနစ်များ လျော့ချနိုင်ရေး ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ‌ဆွေး‌နွေး‌ကြသည်‌။

အဆိုပါတွေ့ဆုံပွဲသို့ Hon. Lord Sasson နှင့်အတူ Jardines ကုမ္ပဏီ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေဥက္ကဋ္ဌဖြစ်သူ Mr. Peter Beynon နှင့် တာဝန်ရှိသူများ လိုက်ပါလာကြပြီး၊ ကော်မရှင်ဥက္ကဋ္ဌ နှင့်အတူ အဖွဲ့ဝင် ဦးစံရွှေအောင် နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ ၁၉ ရက်