Skip to main content
u tin htwe

အမည်

ဦးတင်ထွေး

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၇/၀မန(နိုင်)၀၉၁၃၆၀

မွေးသက္ကရာဇ်/အသက်

ဆုတ်၅.၁၀.၁၃၀၇/(၆၉)နှစ်

မွေးဖွားရာဇာတိ

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊အထက်ပန်းညိုကျေးရွာ

ပညာအရည်အချင်း

ဥပဒေဘွဲ့ရ(LL.B)

လက်ရှိအလုပ်အကိုင်

တရားလွှတ်တော်ရှေ့နေ

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးဘသောင်၊ WAW -၀၁၆၃၄၂၊(ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သန်းရှင်၊ WAW - ၀၁၆၃၄၃၊ (ကွယ်လွန်)

 

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ညွန့်ရီ၊ ၇/ဝမန(နိုင်) ၀၀၃၇၅၀၊ (ဆန်ရောင်း)

 

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) ကိုမျိုးမင်းထွန်း၊ ၇/ဝမန(နိုင်) ၀၀၁၀၇၈Myanmar Tila Language School (MD)

(၂) ကိုခွန်မင်းနောင်၊ ၇/၀မန(နိုင်) ၀၀၁၀၇၇ ဆန်၊ စပါးကြိတ်ခွဲရောင်းဝယ်ရေးနှင့် ဆန်စက်လုပ်ငန်း           

 

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၂၂) မင်းလမ်း၊ ချမ်းမြသာစည် ရပ်ကွက်၊ ဝေါမြို့

 

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဗဟိုညီလာခံကိုယ်စားလှယ်၊ တိုင်းစည်းကမ်းအဖွဲ့ဝင်

 

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဝေါမြို့နယ်

 

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဉ်က အခြေခံပညာကို ဝေါမြို့နယ်အထက် ပန်းညိုကျေးရွာ၊ မူလတန်းကျောင်း၊ ညောင်ခါးရှည်ကျေးရွာ အလယ်တန်းကျောင်း၊ ဝေါမြို့ အစိုးရအထက်တန်းကျောင်း တို့တွင် သင်ယူခဲ့ပါသည်။ ရန်ကုန်ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်၊ ဥပဒေပညာဌာနတွင် စာပေးစာယူတက်ရောက်ခဲ့ပြီး ဥပဒေဘွဲ့(LL.B)ရရှိခဲ့ပါသည်။ မူလတန်းပြဆရာ၊ မြို့နယ်ကောင်စီဝင်၊ မြို့နယ်လမ်းစဉ်လူငယ်အတွင်းရေးမှူး အထက်တန်းရှေ့နေ၊ တရားရုံးချုပ်ရှေ့နေ၊ တရားလွှတ်တော် ရှေ့နေစသည့် လုပ်ငန်းများ လုပ်ကိုင်ခဲ့ပါသည်။ လမ်းစဉ်ပါတီ လက်ထက်၌ ပါတီဝင်၊ ပါတီစိတ်မှူး၊ မြို့နယ်လူငယ်ကော်မတီဝင်၊ အတွင်းရေးမှူးတို့အဖြစ် အဆင့်ဆင့် ပါဝင်ဆောင်ရွက်ခဲ့ပြီး ဘ/ကကျောင်းအုပ်ချုပ် ရေးမှူး ဥက္ကဋ္ဌ၊ မြို့နယ်နာရေးအသင်းနာယက၊ ပညာရေး ဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌတို့အဖြစ်လည်း ဆောင်ရွက်ခဲ့ပါသည်။ ၁၉၈၈-၈၉ ခုနှစ်မှစ၍ ယနေ့ထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် မြို့နယ် အတွင်းရေးမှူး၊ ဒုတိယဥက္ကဋ္ဌနှင့် ဥက္ကဋ္ဌတာဝန်များ ထမ်းဆောင်ပါသည်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲပြီးနောက် ထောက်လှမ်းရေး အဖွဲ့၏ ခေါ်ယူစုံစမ်းထိန်းသိမ်းခြင်းကို (၅)ကြိမ်နှင့် ပေါ်တာအဖြစ် ကျောက်ကြီးမြို့သို့ တစ်ကြိမ်ခေါ်ယူခြင်း ခံခဲ့ရပါသည်။