Skip to main content
u tun myint

အမည်

ဦးထွန်းမြင့်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/ဗဟန(နိုင်)၀၈၆၀၃၅

မွေးသက္ကရာဇ်/အသက်

၉-၃-၁၉၆၈/(၄၈)နှစ်

မွေးဖွားရာဇာတိ

ရန်ကုန်တိုင်း

ပညာအရည်အချင်း

B.Sc (Physics)၊ ရန်ကုန်တက္ကသိုလ်

လက်ရှိအလုပ်အကိုင်

သတင်းစာကိုယ်စားလှယ် (LBO)

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးတင်ထွဋ်၊ CF – 084603၊(ကွယ်လွန်)(စား/ဖျော်မန်နေဂျာ)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်မာကြည်၊ ၁၂/မဂတ(နိုင်)၀၄၇၉၂၀၊ (ဝန်ထမ်းအငြိမ်းစား)

 

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်စန်းစန်းဝေ၊ ၁၂/တမန(နိုင်)၀၄၄၄၉၃၊ မှီခို

 

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မောင်သူရိန်ဝေထွန်း၊ ၁၂/ဗဟန(နိုင်) ၀၉၈၉၄၀

(၂) မောင်ထက်ဝေယံထွန်း၊ အ.ထ.က(၂)ဗဟန်း

(၃) မမေသူထွန်း၊ အ.မ.က(၂၅)ဗဟန်း          

 

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၂၄)၊ (၃)လွှာ၊ ဗိုလ်ဗထူးလမ်း၊ ဗိုလ်စိန်မှန်ရပ်ကွက်၊ ဗဟန်းမြို့နယ်

 

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

 

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ဗဟန်းမြို့နယ်

 

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

သူငယ်တန်းမှ ဒုတိယတန်းအထိ အ.မ.က(၉) မင်္ဂလာ တောင်ညွန့်၊ တတိယတန်းမှ ဒသမတန်းအထိ အ.ထ.က(၆) ဗိုလ်တထောင်တို့တွင် သင်ကြားခဲ့သည်။ ပထမနှစ်မှ ဒုတိယနှစ်အထိ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)၊ တတိယနှစ်မှ ဘွဲ့ရသည်အထိ ရန်ကုန်တက္ကသိုလ် (ပင်မ)တွင် ပညာဆက်လက်သင်ယူခဲ့ပြီး B.Sc (Physics)ဘွဲ့ရရှိခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် ငွေတောင် ဆေးလိပ် ကိုယ်စားလှယ်လုပ်ငန်း၊ ၁၉၉၃ မှ ၂၀၁၃ အထိ ကိုယ်ပိုင်မော်တော်ယာဉ်လုပ်ငန်းများ လုပ်ကိုင်ခဲ့ပါသည်။ ၂၀၁၄ ခုနှစ်မှ ယနေ့တိုင် သတင်းစာကိုယ်စားလှယ် (LBO)အဖြစ် လုပ်ကိုင်လျက်ရှိပါသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တွင် ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖြစ် ဆောင်ရွက် ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဘူတာကြီး ခရီးစဉ်တွင် (၅)လခန့် ဖမ်းဆီး ထိန်းသိမ်းခြင်းခံရပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဒီပဲယင်းခရီးစဉ်တွင် (၇)လခန့် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည်။ လောင်စာဆီ ဈေးနှုန်းကြီးမြင့်မှု ဆန္ဒပြရာ၌ ရဲတပ်ရင်း(၇)တွင် (၆)လခန့် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည် (၆၃)နှစ်မြောက်မွေးနေ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရှေ့တွင် ဖမ်းဆီးခံခဲ့ရပြီး ရွှေပြည်သာတရားရုံးမှ ပုဒ်မ ၅၀၅(ခ)/ပုဒ်မ ၁၄၇တို့ဖြင့် တရားစွဲဆိုပြီး ထောင်ဒဏ်(၂)နှစ် (၆)လကျခံခဲ့ရသည်။