Skip to main content

မိဘပြည်သူများခင်ဗျာ

မိဘပြည်သူများခင်ဗျာ

 ပြည်သူ့လွှတ်တော်၏ သတင်းများ၊ အစည်းအဝေးကဏ္ဍ၏ မေးမြန်းဖြေကြားချက်များ၊ ပြည်သူ့လွှတ်တော်တွင် တင်သွင်းသောအဆိုများ၊ နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာ ပါလီမန် အကြောင်းများပါဝင်သော သုတေသနကဏ္ဍ၊ ပြည်ထောာင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့ သော ဥပဒေများ၊ ကိုယ်စားလှယ်များနှင့် ဥပဒေပြုလုပ်ငန်းစဉ်များအား ပြည်သူများ အလွယ်တကူ ကြည့်ရှုနိုင်ရန်အတွက်လည်းကောင်း၊ နိုင်ငံရေးစိတ်ပါဝင်စားသူများ၊ သုတေသီများ၊ ဥပဒေပြု လုပ်ငန်းဆောင်ရွက်နေသူများအနေဖြင့် ၀င်ရောက်ကြည့်ရှုလေ့လာနိုင်စေရန်အတွက်လည်းကာင်း ပြည်သူ့လွှတ်တော် Website(www.pyithuhluttaw.gov.mm) တွင် ထုတ်လွှင့်တင်ပြ ပေးလျက်ရှိပါသည်။

ယခုအခါ ပြည်သူလွှတ်တော်၏ ဥပဒေပြုလုပ်ငန်းစဉ်များနှင့် ပြည်သူ့လွှတ်တော်ဆိုင်ရာ အကြောင်းအရာများကို ပိုမိုသိရှိနိုင်စေရန်အတွက် ပြည်သူ့လွှတ်တော် Website အသစ်အား ပိုမိုကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးအပ်ပါသည်။