Skip to main content


အကျဉ်းချုပ်

          အသွင်ကူးပြောင်းနေသည့် နိုင်ငံတိုင်းတွင် နိုင်ငံရေးမူဝါဒ ​ပြုပြင်ပြောင်းလဲသကဲ့သို့ စီးပွားရေးမူဝါဒကိုလည်း လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲမှုများပြုလုပ်လေ့ရှိကြပါ သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများသည် တစ်ခုနှင့်တစ်ခုဆက်နွယ်ပတ်သက်လျက် ရှိနေခြင်းတို့ကြောင့် အသွင်ကူးပြောင်းမှု ပြုလုပ်နေသော နိုင်ငံတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပြည်တွင်းပြည်ပအကျိုးသက်ရောက်မှုများနှင့် ၎င်းနိုင်ငံ၏နိုင်ငံရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် များစွာသောစိန်ခေါ်မှုများကျော်လွှားပြီး ပြောင်းလဲမှုများဖြစ်ပေါ်စေပါသည်။ အသွင်ကူး ပြောင်းသည့် နိုင်ငံတိုင်းတွင် စီးပွားရေးပြုပြင်ပြောင်းလဲမှု လမ်းစဉ်များချမှတ်ရာ၌ နိုင်ငံတကာ၏ စီးပွားရေးဆိုင်ရာဖြစ်ပေါ်ပြောင်းလဲမှုများကို လေ့လာဆန်းစစ်ပြီး မိမိနိုင်ငံရေရှည်ဖွံ့ဖြိုး တိုးတက်မှု အတွက် ချမှတ်သင့်သည့်အချက်များအပေါ် အထောက်အကူပြုစေရန်ရည်ရွယ်၍ ဤစာတမ်းတို အားပြုစုတင်ပြခြင်းဖြစ်ပါသည်။


နိုင်ငံအချို့၏ ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းအတွေ့အကြုံများ

ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်း

၁။ ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းသည် စီးပွားရေးမြှင့်တင်ပြောင်းလဲမှုဖြစ်စဉ် (Economic Reform Process) ၏လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါသည်စျေးကွက်အခြေအနေကို အခြေခံပြီးနိုင်ငံတော်ပိုင် လုပ်ငန်းများကို ပုဂ္ဂလိကပိုင်လုပ်ငန်းအဖြစ် ထပ်မံလုပ်ကိုင်ခြင်းဖြစ်ပါသည်။ တစ်နည်းအားဖြင့် နိုင်ငံတော်ပိုင်လုပ်ငန်းများအား ပုဂ္ဂလိကပိုင်လုပ်ငန်းများအဖြစ်သို့ လွှဲပြောင်းလုပ်ကိုင်စေခြင်းပင် ဖြစ်ပါသည်။ စီးပွားရေးဆိုင်ရာမူဝါဒ ပြောင်းလဲခြင်းကြောင့် ပုဂ္ဂလိကပိုင်လွှဲပြောင်းခြင်းသည် ကမ္ဘာတစ်ဝန်း၌ ဆယ်စုနှစ်ကာလအတွင်း အရေးပါသည့်နေရာတစ်ခုသို့ ရောက်ရှိခဲ့ပါသည်။ ယခုအခါ ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းသည် နိုင်ငံအတော်များများတွင် အရှိန်ရနေပြီဖြစ်ပါသည်

ပုဂ္ဂလိကပိုင်ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်

၂။ နိုင်ငံတစ်နိုင်ငံ၏ လက်ရှိအခြေအနေပေါ်မူတည်၍ ချမှတ်ထားသော ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ရည်ရွယ်ချက်များမှာ တစ်ခုနှင့်တစ်ခုတူညီမှုများရှိသကဲ့သို့ မတူညီမှုများလည်းရှိပါသည်။ မြန်မာနိုင်ငံ ၏ ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းလုပ်ငန်း၏ အဓိကရည်ရွယ်ချက်မှာ-

 

(က)

စီးပွားရေးအဖွဲ့အစည်းများ အချင်းချင်း ယှဉ်ပြိုင်ဆောင်ရွက်ခြင်းဖြင့် စွမ်းဆောင်ရည် တိုးတက်လာစေရန်၊

( ခ)

ပုဂ္ဂလိကစီးပွားရေးကဏ္ဍများ တိုးတက်လာစေပြီး တိုင်းပြည်၏ဖွံ့ဖြိုးတိုးတက်ရေးတွင်  အဓိကကဏ္ဍမှာပါဝင်လာစေရန်၊

( ဂ)

နိုင်ငံတော်က ပြောင်းလဲကျင့်သုံးလျက်ရှိသည့် စျေးကွက်ဦးတည်သည့် စီးပွားရေး စနစ်ကို အထောက်အကူပြုစေရန်၊

(ဃ)

စီးပွားရေးလုပ်ငန်းများတွင် နိုင်ငံတော်အစိုးရကထည့်ဝင်ရသည့် ထောက်ပံ့ငွေနှင့် အရင်းအနှီးအသုံးစရိတ်များကိုလျှော့ချရန်၊

(င)

နိုင်ငံတော်၏ကုန်ထုတ်လုပ်မှု ပမာဏတိုးတက်လာစေပြီး ပို့ကုန်ပမာဏတိုးတက်လာ စေရန်၊

(စ)

နိုင်ငံတော်၏သယံဇာတများကို အကျိုးအရှိဆုံးအသုံးပြုနိုင်ရန်၊

(ဆ)

နိုင်ငံခြားအရင်းအနှီးများကို ဆွဲဆောင်နိုင်ရန်၊

(ဇ)

စီးပွားရေးအဖွဲ့အစည်းများကို ထိရောက်အောင်မြင်စွာ ကွပ်ကဲအုပ်ချုပ်နိုင်သည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၏ လက်ဝယ်သို့ရောက်ရှိနိုင်စေရန်၊

(ဈ)

တိုင်းရင်းသားပြည်သူများ အလုပ်အကိုင်၊ အခွင့်အလမ်းများတိုးတက်လာစေရန်တို့ ဖြစ်ပါသည်။

 

ပုဂ္ဂလိကပိုင်ပြုလုပ်ရာ၌ လိုက်နာရမည့် အခြေခံမူများ

၃။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကပိုင်ပြုလုပ်ရာတွင် စနစ်ကျ၍တိကျသော အခြေခံမူများ ချမှတ်အကောင်အထည်ဖော်ရန်လိုအပ်ပြီး လိုက်နာရန်ချမှတ်သင့်သည့်အခြေခံမူ များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းအချို့ကို တစ်ဆင့်ပြီးတစ်ဆင့် နည်းမှန်လမ်းမှန်ဖြင့် လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးရန်၊

( ခ )

တိုင်းရင်းသားပုဂ္ဂလိကပိုင်လုပ်ငန်းရှင်များကို စီးပွားရေးလုပ်ငန်းများ ကျွမ်းကျင် စွာလုပ်ကိုင်ဆောင်ရွက်တတ်စေရေးအတွက် ကူညီပံ့ပိုးရန်၊

( ဂ)

တိုင်းရင်းသားပုဂ္ဂလိကပိုင် လုပ်ငန်းရှင်များလက်ထက်တွင် တိုင်းပြည်၏စီးပွား ရေးလုပ်ငန်းများဖြစ်ထွန်းလာစေရေးအတွက် အကူအညီပေးရန်၊

(ဃ)

နိုင်ငံတော်၏ဓနဥစ္စာကိုခွဲဝေရာ၌ ပုဂ္ဂလိကပိုင်လူတစ်စု၏ လက်ဝါးကြီးအုပ်ရယူ ခြင်းမျိုးမဖြစ်စေရန်တို့ဖြစ်ပါသည်။[1]

(ဇ)

စီးပွားရေးအဖွဲ့အစည်းများကို ထိရောက်အောင်မြင်စွာ ကွပ်ကဲအုပ်ချုပ်နိုင်သည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၏ လက်ဝယ်သို့ရောက်ရှိနိုင်စေရန်၊

(ဈ)

တိုင်းရင်းသားပြည်သူများ အလုပ်အကိုင်၊ အခွင့်အလမ်းများတိုးတက်လာစေရန်တို့ ဖြစ်ပါသည်။

ပုဂ္ဂလိကပိုင်ပြုလုပ်ရခြင်း၏ အကြောင်းအရင်း

၄။ နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကပိုင်ပြုလုပ်ရခြင်း၏ အကြောင်းရင်းများမှာ ယေဘုယျအား ဖြင့် အောက်ပါအတိုင်းတွေ့ရှိရပါသည် -

(က)

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၏ စွမ်းဆောင်ရည်နှင့်စီမံခန့်ခွဲမှုအားနည်းခြင်း၊

( ခ)

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၏ အရင်းအနှီးအကန့်အသတ်နှင့် နည်းပညာ လိုအပ်ချက်များရှိခြင်း၊

( ဂ)

နိုင်ငံတော်ပိုင်လုပ်ငန်းများ အရှုံးပေါ်နေခြင်းကြောင့် ယင်းလုပ်ငန်းကို ပုဂ္ဂလိကပိုင် လုပ်ငန်းများအဖြစ် ထပ်မံလုပ်ကိုင်ခွင့်ပေးခြင်း၊

(ဃ)

အရှုံးပေါ်နေသည့် နိုင်ငံတော်ပိုင်လုပ်ငန်းများသည် ပြည်တွင်းစီးပွားရေးဖွံ့ဖြိုးမှုနှင့် အစိုးရ၏ဘတ်ဂျတ်အပေါ်ဆိုးကျိုးများ သက်ရောက်စေခြင်းကြောင့် တွက်ချက် ဖြေရှင်းခြင်း၊

( င)

ပြောင်းလဲလာသည့် ကမ္ဘာ့ငွေကြေးဈေးကွက်နှင့် ကုန်စည်ဈေးကွက်များ၌ ထိရောက် သည့်ဈေးကွက်မရရှိခြင်း၊

( စ)

အစိုးရ၏အခန်းကဏ္ဍကို လျှော့ချပြီး ပုဂ္ဂလိက၏အခန်းကဏ္ဍကို ဦးစားပေးမြှင့်တင် ရန် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကို Private sectored development အဖြစ် ဆောင်ရွက်ခြင်းဖြစ်ပါသည်။[1]

   

ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းကြောင့် ပြောင်းလဲမှုအခြေအနေ

၅။ စီးပွားရေးပြုပြင်ပြောင်းလဲမှု (Economic Reform Process) ၏ လုပ်ငန်းစဉ်ဖြစ်သည့်အပြင် နိုင်ငံတော်အရအသုံး၌ ဘတ်ဂျက်လိုငွေ နှစ်ရှည်ကြာစွာဖြစ်ပေါ်မှုကိုလည်း ကုစားရာရောက်ပါ သည်။ အသွင်ကူးပြောင်းသည့် နိုင်ငံများ၏အတွေ့အကြုံအရ ဈေးကွက်စီးပွားရေးစနစ်ပီပြင်စွာ ပေါ်ပေါက်လာစေရန်နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် အစိုးရ၏ကဏ္ဍကိုလျှော့ချပြီး ကြိုးပမ်း ဆောင်ရွက်ခြင်းပင်ဖြစ်ပါသည်။ ပုဂ္ဂလိကပိုင်လုပ်ကိုင်ဆောင်ရွက်ခြင်းကြောင့် ယခင်ကမရှိခဲ့ သည့်အခွင့်အလမ်းများရရှိပြီး ရင်းနှီးမြှုပ်နှံမှုများဖြင့် ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်းများကို ထိုးဖောက်နိုင်သည်။ ထိုသို့လုပ်ကိုင်ခြင်းသည် ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်းများအပေါ် အဓိက တွန်းအားတစ်ရပ်ဖြစ်စေပြီး စီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများကပိုမို စိတ်ဝင်စားလာခြင်းဖြင့် စီးပွားရေးလုပ်ငန်းအမျိုးမျိုးလည်း ပေါ်ထွက်လာစေပါသည်။

ပုဂ္ဂလိကပိုင်ပြုလုပ်ရာတွင် နိုင်ငံတော်ကဆောင်ရွက်ရမည့် အခန်းကဏ္ဍ

၆။ ပုဂ္ဂလိကပိုင်ပြုလုပ်ရာတွင် နိုင်ငံတော်၏ဆောင်ရွက်ရမည့် အခန်းကဏ္ဍများမှာ ယေဘုယျ အားဖြင့် အောက်ပါအတိုင်းဖြစ်ပါသည် -

(က)

နိုင်ငံတော်အနေဖြင့် ပုဂ္ဂလိကပိုင်လွှဲပြောင်းရာ၌ အကျိုးကျေးဇူးများရရှိရန် ရည်ရွယ် ၍စီမံခန့်ခွဲမှုများထားရှိရန်၊

( ခ)

ပုဂ္ဂလိကပိုင်လွှဲပြောင်းခြင်းအတွက် ရည်ရွယ်ချက်ကောင်းမွန်သည့် ပုဂ္ဂလိကပိုင် လွှဲပြောင်းခြင်းဥပဒေထားရှိရန်၊

( ဂ)

ကောင်းမွန်သည့်နည်းဗျူဟာဖြင့် စီမံခန့်ခွဲနိုင်ရန်၊

(ဃ)

ပုဂ္ဂလိကအဖွဲ့အစည်းများ၏ အကျိုးရရှိမှုကိုရည်ရွယ်ပြီး သင့်လျော်သည့်နည်းလမ်း ကောင်းများကိုရွေးချယ်၍ ဖန်တီးမှုများရှိရန်၊

( င)

လုပ်ထုံးလုပ်နည်းများသည် ထိန်းချုပ်မှုမရှိဘဲ ပွင့်လင်းမြင်သာမှုရှိရန်၊

( စ)

သင့်လျော်ကောင်းမွန်သည့် နည်းလမ်းများဖြင့် အရည်အသွေးခန့်မှန်းမှုများကို အသုံးပြုရန်၊

(ဆ)

ပုဂ္ဂလိကကဏ္ဍတွင် ပါဝင်ဆောင်ရွက်သူများအတွက် ဘဏ္ဍာရေးဆိုင်ရာဆောင်ရွက် ချက်များကို ကောင်းမွန်စွာဖန်တီးပေးရန်၊

( ဇ)

နိုင်ငံတော်၏ထိန်းချုပ်မှုနှင့် တစ်ဦးချုပ်လုပ်ငန်း(Monopoly) များလျော့ချရန်၊

(ဈ)

ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းအားဖြင့် အစိုးရဝန်ထမ်းအလုပ်သမားများအတွက် အလုပ် အကိုင်ရှာဖွေပေးခြင်းကို ဖြစ်ပေါ်စေပါသည်။[1]

၇။      မြန်မာနိုင်ငံသည် ၁၉၉၅ ခုနှစ်မှစတင်၍ ပုဂ္ဂလိကပိုင်လွှဲပြောင်းခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး နိုင်ငံပိုင်လုပ်ငန်းအများစုကို ၂၀၀၈ ခုနှစ်မှစတင်ကာ  ပုဂ္ဂလိကကဏ္ဍသို့ လွှဲပြောင်းလုပ်ပိုင်ခွင့်ပေးခဲ့သည်။ ဝန်ကြီးဌာန(၁၀) ခုအောက်ရှိ နိုင်ငံတော်ပိုင်လုပ်ငန်း (၂၈၈) ခုရှိသည့်အနက် (၂၁၅) ခုမှာ ၂၀၀၈ ခုနှစ်၊ ဇန်နဝါရီလတွင် ပုဂ္ဂလိကပိုင်အဖြစ်ပြောင်းလဲပြီး ဖြစ်သည်။ ပုဂ္ဂလိကသို့လွှဲပြောင်းသည့်နည်းလမ်း ( ၅ ) ခုဖြင့်ဆောင်ရွက်ခဲ့ပါသည်။ ၎င်းတို့မှာ -

(က)

အစိုးရ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ခြင်း၊

( ခ)

လုပ်ငန်းလုပ်ပိုင်ခွင့်ရယူခြင်း၊

( ဂ)

တင်ဒါခေါ်ယူရောင်းချခြင်း၊

(ဃ)

ပူးပေါင်းဆောင်ရွက်ခြင်း၊

( င)

စာချုပ်စာတမ်းဖြင့်ဆောင်ရွက်ခြင်းတို့ဖြစ်သည်။

( စ)

သင့်လျော်ကောင်းမွန်သည့် နည်းလမ်းများဖြင့် အရည်အသွေးခန့်မှန်းမှုများကို အသုံးပြုရန်၊

(ဆ)

ပုဂ္ဂလိကကဏ္ဍတွင် ပါဝင်ဆောင်ရွက်သူများအတွက် ဘဏ္ဍာရေးဆိုင်ရာဆောင်ရွက် ချက်များကို ကောင်းမွန်စွာဖန်တီးပေးရန်၊

( ဇ)

နိုင်ငံတော်၏ထိန်းချုပ်မှုနှင့် တစ်ဦးချုပ်လုပ်ငန်း(Monopoly) များလျော့ချရန်၊

(ဈ)

ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းအားဖြင့် အစိုးရဝန်ထမ်းအလုပ်သမားများအတွက် အလုပ် အကိုင်ရှာဖွေပေးခြင်းကို ဖြစ်ပေါ်စေပါသည်။

၈။      လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကသို့လုပ်ကိုင် ခွင့်ပြုခြင်း၊ နိုင်ငံပိုင်အဆောက်အအုံများအား လေလံတင်ရောင်းချခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်း များခွင့်ပြုခြင်း၊ ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာလိုင်စင်များပေးခြင်း၊ B.O.T (တည်ဆောက်၊ ပြုပြင်၊ လွှဲပြောင်း) စနစ်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်းစသည့် ပုံစံအမျိုးမျိုးအား ခွင့်ပြုပေးလျက်ရှိပါသည်။

 ဥရောပအရှေ့အလယ်ပိုင်းကွန်မြူနစ်နိုင်ငံအများစု၏ပုဂ္ဂလိကပိုင်လွှဲပြောင်းခြင်းများ

၉။      လက်တင်အမေရိကနိုင်ငံများနှင့် အရှေ့အလယ်ပိုင်း ဥရောပနိုင်ငံများတွင် ကွန်မြူနစ်ဝါဒမှ လွန်မြောက်ပြီးနောက် ပွင့်လင်းမှုရှိသည့် စီးပွားရေးစနစ်အမျိုးမျိုးကို ကျင့်သုံးခဲ့ပါသည်။ ပုဂ္ဂလိက ပိုင်လွှဲပြောင်းရေးသည် နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာ၏ စီးပွားရေးလုပ်ငန်းများအပေါ် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အကျိုးသက်ရောက်မှုများနှင့် လမ်းညွှန်မှုများရှိပါသည်။ ၁၉၈၀ ခုနှစ်နောက်ပိုင်းနှင့် ၁၉၉၀ ခုနှစ်အစောပိုင်းကာလများသည် အရှေ့ဥရောပနိုင်ငံများ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွင် ပြုပြင်ပြောင်းလဲမှုများစွာဖြစ်ပေါ် ခဲ့သည့်ကာလများ ဖြစ်ခဲ့ပါသည်။

၁၀။    ကွန်မြူနစ်နိုင်ငံအများစု၌ တစ်ဦးတည်းပိုင်လုပ်ငန်းရှင်များသည် ၎င်းတို့၏ ပိုင်ဆိုင်မှုကို လွှဲပြောင်းရန် လိုက်နာမှုမရှိကြပါ။ ကွန်မြူနစ်အစိုးရသည် စီးပွားရေးလုပ်ငန်းများ အားလုံး နီးပါးကို ပိုင်ဆိုင်ထားကြပါသည်။ ပုဂ္ဂလိကပိုင်လွှဲပြောင်းခြင်းသည်  ယင်းနိုင်ငံများ၏ အခြေခံ စျေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲလိုက်ခြင်းဖြစ်ပါသည်။ ရလဒ်အနေဖြင့် ၁၉၉၀ ခုနှစ်တွင် ဥရောပအရှေ့အလယ်ပိုင်းကွန်မြူနစ်နိုင်ငံများသည် ပြုပြင်ပြောင်းလဲရန်အတွက် ညှိနှိုင်းဆွေးနွေး မှုများပြုလုပ်ခဲ့ပြီး အဖွဲ့အစည်းသစ်များတွင် အဖွဲ့ဝင်သစ်များဖြင့် ပုဂ္ဂလိကလွှဲပြောင်းခြင်း လုပ်ငန်းများပြုလုပ်ခဲ့ကြပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်း အတွေ့အကြုံ

၁၁။    တရုတ်နိုင်ငံတွင် ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းကို ၁၉၈၀ ခုနှစ်တွင် စတင်ခဲ့ပါသည်။ ၁၉၉၃ ခုနှစ်တွင် နိုင်ငံပိုင်လုပ်ငန်းများ အခြေအနေပြန်လည်ကောင်းမွန်ခဲ့သော်လည်း ပုဂ္ဂလိကပိုင်လုပ်ငန်း များ၏ စက်မှုထုတ်ကုန်တန်ဖိုးသည် နိုင်ငံပိုင်လုပ်ငန်းများထက် ပိုမိုသာလွန်ခဲ့ပါသည်။ နိုင်ငံပိုင် လုပ်ငန်းများပြုပြင်ပြောင်းလဲရေးတွင် ပိုင်ဆိုင်မှု (Ownership Reform) ကို ရှယ်ယာများရောင်းချ ခြင်းဖြင့် စတင်ဆောင်ရွက်ခဲ့ပါသည်။ ဤသို့ပိုင်ဆိုင်မှုပုံစံပြောင်းလဲခြင်းကြောင့် လုပ်သားများ၏ထုတ် လုပ်မှုစွမ်းရည်၊ အမြတ်၊ လုပ်ငန်း၏ ဆောင်ရွက်နိုင်မှုနှင့် သုတေသနဖွံဖြိုးမှု အသုံးစရိတ်များ မြင့်တက်လာကာ ထုတ်ကုန်သစ်များကို တီထွင်ဖန်တီးနိုင်ခဲ့ပါသည်။ တရုတ်နိုင်ငံ၏ပိုင်ဆိုင်မှု ပြောင်းလဲရေးကိုလည်း အောက်ပါနည်းလမ်း (၄) မျိုးဖြင့် ဆောင်ရွက်ခဲ့ပါသည် - 

 

(က)

လုပ်ငန်းစုထဲသို့ အစိုးရပိုင်မဟုတ်သောလုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်ခွင့်ပြုခြင်း၊

( ခ)

အများပိုင်ဆိုင်မှုစနစ်တွင် စီမံခန့်ခွဲမှုနှင့်အာဏာများအားမြှင့်တင်၍ အုပ်ချုပ်မှု၊ တာ၀န်ယူမှု၊ တာဝန်ခံမှုများဖြင့် အားပေးဆောင်ရွက်ခြင်း၊

( ဂ)

နိုင်ငံပိုင်ကဏ္ဍတွင် နိုင်ငံပိုင်မဟုတ်သည့်ရင်နှီးမြှုပ်နှံမှုများအဖြစ် ပုံသေပိုင်ဆိုင်ခွင့် ပုံသဏ္ဌာန် (Asset Structure) အားအသွင်ပြောင်းခြင်း၊

(ဃ)

မြို့နယ်၊ ကျေးရွာသမဝါယမလုပ်ငန်းများအား အုပ်ချုပ်မှုနှင့်အကျိုးအမြတ်ခွဲဝေပေးမှု ကိုအားပေးခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ဝင်ရောက်လုပ်ကိုင်ခွင့်ပြုခြင်း၊ ၁၉၉၀ ခုနှစ်တွင် လုပ်ငန်းသစ်ဝင်ရောက် လုပ်ကိုင်စေခြင်း၊ လုပ်ငန်းထိန်းချုပ်မှုနှင့် အခွင့်အရေးဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်း၊ ပုံသေပိုင်ဆိုင်မှုပုံစံပြောင်းလဲခြင်း၊ နိုင်ငံပိုင် လုပ်ငန်းများအား ပြုပြင်ပြောင်းလဲခြင်း၊

( င)

စာချုပ်စာတမ်းဖြင့်ဆောင်ရွက်ခြင်းတို့ဖြစ်သည်။

( စ)

သင့်လျော်ကောင်းမွန်သည့် နည်းလမ်းများဖြင့် အရည်အသွေးခန့်မှန်းမှုများကို အသုံးပြုရန်၊

(ဆ)

ပုဂ္ဂလိကကဏ္ဍတွင် ပါဝင်ဆောင်ရွက်သူများအတွက် ဘဏ္ဍာရေးဆိုင်ရာဆောင်ရွက် ချက်များကို ကောင်းမွန်စွာဖန်တီးပေးရန်၊

( ဇ)

နိုင်ငံတော်၏ထိန်းချုပ်မှုနှင့် တစ်ဦးချုပ်လုပ်ငန်း(Monopoly) များလျော့ချရန်၊

(ဈ)

ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းအားဖြင့် အစိုးရဝန်ထမ်းအလုပ်သမားများအတွက် အလုပ် အကိုင်ရှာဖွေပေးခြင်းကို ဖြစ်ပေါ်စေပါသည်။

 

၁၂။    ထိုသို့ဆောင်ရွက်ခြင်းဖြင့့်် တရုတ်နိုင်ငံ၏ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကို အောင်မြင်စေခဲ့ပါသည်။ သို့သော် ၁၉၉၀ ခုနှစ်များတွင် တရုတ်နိုင်ငံ၏ ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းကြောင့် စက်မှုကဏ္ဍတွင် လုပ်သား ၄၄ သန်းရှိခဲ့ရာမှ ခန့်မှန်း ၆ သန်းခန့် အလုပ်လက်မဲ့ဖြစ်ခဲ့ပါသည်။ သို့ပါ၍ အခြားသော ကဏ္ဍများတွင် အလုပ်အကိုင်ဖန်တီးမှု အခွင့်အလမ်းများကို တိုးမြှင့်ဆောင်ရွက်ပေးခဲ့ရသည်။

၁၃။    စီးပွားရေးလုပ်ငန်းများလွှဲပြောင်းခြင်း(Enterprise Conversion)၊ အခွင့်အာဏာ (Mandate for the conversion of most SOEs) နှင့် လုပ်ငန်းများတွင် ရှယ်ယာခေါ်ယူခြင်း (Intensification of the shareholding)ဟူ၍မူဝါဒနှစ်ရပ်ချမှတ်ဆောင်ရွက်ခဲ့ပြီး “လုပ်ငန်းကြီးများအားထိန်းသိမ်းပြီး လုပ်ငန်းငယ်များအား လွှတ်ပေးခြင်း”“Retain the large, release the small” ဟူသော ဆောင်ပုဒ် ဖြင့်ဆောင်ရွက်ခဲ့သည်။ အချို့သောလုပ်ငန်းကြီးများအား နိုင်ငံတော်ပိုင်အဖြစ်ထိန်းသိမ်းထားရခြင်း မှာအမြတ်ရည်မှန်းချက်ထက် စားသုံးသူတို့အတွက် အကျိုးကျေးဇူး (Consumer welfare)၊ အစိုးရ အခွန်ရငွေ (government tax revenue) နှင့် အလုပ်သမားများ၏ အကျိုးကျေးဇူး (workers interests) စသည့် လူမှုရေးရည်မှန်းချက်များဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံ၏ ပုဂ္ဂလိကပိုင်ပြောင်းလဲခြင်း

၁၄။    အိန္ဒိယနိုင်ငံ၏ စီးပွားရေးမူဝါဒ မဟာဗျူဟာဖော်ဆောင်မှုတွင် ဗဟိုချုပ်ကိုင်မှုလျော့ချ ခြင်းနှင့် ပုဂ္ဂလိကလွှဲပြောင်းခြင်းတို့ပါဝင်ပါသည်။ စျေးကွက်စီးပွားရေးစနစ်၏ ပြုပြင်ပြောင်းလဲ ခြင်းများသည် စဉ်ဆက်မပြတ်တိုးတက်ဖြစ်ပေါ်နေပြီး အကျိုးအမြတ်များစွာရရှိခြင်းနှင့်အတူ ပုဂ္ဂလိကပိုင်လွှဲပြောင်းခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့်ဆိုးကျိုးများ မဖြစ်ပေါ်အောင်လည်း ကာကွယ်နိုင်စွမ်းရှိပါသည်။ ထို့သို့ပြောင်းလဲမှုများကို နိုင်ငံတော်၏ရုပ်ပိုင်းဆိုင်ရာ အခြေခံ စီးပွားရေးအဆောက်အအုံ တိုးတက်တည်ဆောက်နိုင်ခြင်း၊ လူမှုအဖွဲ့အစည်းဆိုင်ရာ ရန်ပုံငွေများ ထိန်းချုပ်နိုင်ခြင်း၊ စျေးကွက်စီးပွားရေးစီမံခန့်ခွဲမှုကို တိုးတက်အောင် စွမ်းဆောင်နိုင်ခြင်းစသည့် ရလဒ်များ ဖြစ်ပေါ်စေပါသည်။ ယခုအခါ အိန္ဒိယနိုင်ငံ၏ စီးပွားရေးအခြေအနေသည် အံ့သြ လောက်အောင် တိုးတက်လျက်ရှိပါသည် ထိုသို့တိုးတက်ခြင်းသည် ပုဂ္ဂလိကပိုင်လွှဲပြောင်းခြင်း ကြောင့်ထင်ရှားပေါ်လွင်သည့် အကျိုးရလဒ်များဖြစ်ပါသည်။

၁၅။    အိန္ဒိယစီးပွားရေး မူဝါဒချမှတ်သူများသည် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ စီးပွားရေး လုပ်ငန်းများတွင် ဝင်ရောက်နိုင်ရန်အတွက် တင်းကျပ်မှုများလျှော့ချပေးလျက်ရှိပါသည်။ ပုဂ္ဂလိက ပိုင်လွှဲပြောင်းပြီးနောက် အကြီးမားဆုံးအောင်မြင်မှုရရှိသည့် လုပ်ငန်းကဏ္ဍများကို ဖော်ပြရလျှင် အာမခံလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ပြည်တွင်းလေကြောင်းလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်းနှင့် စွမ်းအင်လုပ်ငန်းတို့ဖြစ်သည်။ ပုဂ္ဂလိကပိုင်လွှဲပြောင်းခြင်းကြောင့် မယုံကြည်နိုင်လောက်သည့် အောင်မြင်မှုများစွာရှိသည်ကိုတွေ့ရှိရပြီး အစိုးရ၏ထိန်းချုပ်မှုများကို ပိုမိုလျှော့ချလာသည်ကို လည်းတွေ့ရှိရပါသည်။ 

ဗီယက်နမ်နိုင်ငံပုဂ္ဂလိကပိုင်ပြုလုပ်ရေး၏ အတွေ့အကြုံများ

၁၆။    ဗီယက်နမ်အစိုးရသည် နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကပိုင်ပြုလုပ်ရန် ခိုင်မာသည့် စီမံကိန်းတစ်ရပ်ချမှတ်ရေးဆွဲပြီး သတ်မှတ်စံချိန်စံညွှန်းနှင့် မကိုက်ညီသည့်စီးပွားရေး လုပ်ငန်းများကို ကယ်တင်လို၍ လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံထားသည့် အစုများကိုရောင်းချရန်စီစဉ်ထားပြီး ပုဂ္ဂလိကပိုင်ပြုလုပ်မည့်လုပ်ငန်း များမှာ ဗီယက်နမ်လေကြောင်းလိုင်း၊ ဗီယက်နမ်အော်တိုမိုဘိုင်း၊ စက်မှုလုပ်ငန်းကော်ပိုရေးရှင်း၊ ရေကြောင်းပို့ဆောင်ရေးကော်ပိုရေးရှင်း၊ ဗီယက်နမ်အမျိုးသား အထည်အလိပ်၊ အထည်ချုပ် လုပ်ငန်းအုပ်စုနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းတို့ဖြစ်ပါသည်။ ဤပြောင်းလဲမှုများသည် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးအပေါ် စိုးရိမ်ပူပန်နေမှုများကို ပြေလျော့စေ ကြောင်းသိရှိရပါသည်။ ၂၀၀၄-၂၀၀၅ ခုနှစ်အတွင်း နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းပေါင်း ၈၀၀ ကျော်ကို ပုဂ္ဂလိကပိုင်ပြုလုပ်ခဲ့ပါသည်။ နိုင်ငံပိုင်လုပ်ငန်းများသည် နိုင်ငံ့စီးပွားရေးအတွက် ပြဿနာတစ်ခု ဟုထင်မြင်နေစဉ်တွင် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးသည် အမှန်တကယ်ဖြေရှင်းပေး နိုင်သည့်နည်းလမ်းဖြစ်သည် ဟုလည်း လေ့လာသူများကဆိုပါသည်။

ဂျပန်နိုင်ငံ ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်း၏ ထူးခြားချက်များ

၁၇။    ဂျပန်နိုင်ငံ၏ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးသည် ပြည်သူပိုင်စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများအဖြစ်သို့ ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ အစိုးရပြဋ္ဌာန်းချက်များ အရပုဂ္ဂလိကပိုင်ပြုလုပ်ရာတွင် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး၊ ရထားလမ်းပိုင်းနှင့်ဆက်သွယ်ရေး လုပ်ငန်းများပါဝင်သည့် ပြည်သူပိုင်စီးပွားရေးလုပ်ငန်းများ၏ စည်းကမ်းလုပ်ထုံးလုပ်နည်းများ ကိုဖြေလျှော့ပေးခြင်းများဖြစ်ပါသည်။ နိုင်ငံပိုင်မီးရထားလမ်းပိုင်းဆိုင်ရာ လုပ်ငန်းများကို တရားဝင် ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်းခြင်းသာမက မီးရထားလမ်းအပါအဝင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတစ်ခုလုံးနှင့်သက်ဆိုင်သော စည်းမျဉ်းစည်းကမ်းများအား ဖြေလျှော့ပေးခြင်းများ အတွက်လည်း ရည်ရွယ်ပါသည်။ ပြည်သူပိုင်ကြေးနန်းဆက်သွယ်ရေးနှင့် တယ်လီဖုန်းလုပ်ငန်းကို ဆက်သွယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများဖြင့် ဖြေလျှော့ပေးခဲ့ပြီး ဓါတ်အားဖြန့်ဖြူးရေး ကုမ္ပဏီများသည်လည်း ဆက်သွယ်ရေးဈေးကွက်အတွင်းသို့ ဝင်ရောက်လာခဲ့ပါသည်။ အကျိုး အားဖြင့် ဖြေလျှော့မှုများကိုလည်း လက်တွေ့ဆောင်ရွက်လာခဲ့ပါသည်။ စီးပွားရေးပြုပြင်ပြောင်းလဲ မှုများ လေ့လာရေးအဖွဲ့၏ ကြားဖြတ်အစီရင်ခံစာတွင် လုပ်သားနှင့်လစာ၊ လွတ်လပ်စွာ ယှဉ်ပြိုင် မှု၊ ဥပဒေပြုရေးနှင့် အသစ်ထပ်မံဖြည့်စွက်ထားသည့် ဘဏ္ဍာရေး၊ လုံခြုံရေး၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်ကဲ့သို့သော ကဏ္ဍများတွင် လုပ်ထုံး လုပ်နည်းများ ဖြေလျှော့ခြင်း၏ ရည်ရွယ်ချက်ပန်းတိုင်ကို ဖော်ပြထားပါသည်။ ပြည်တွင်း စက်မှု လုပ်ငန်းများနှင့်ကာလရှည်အကျပ်အတည်းကို ကျော်လွှားရန် ကမ္ဘာ့စံချိန်စံညွှန်းနှင့်အညီ စီမံချက် ရေးဆွဲခြင်းများကို ပြုလုပ်ခဲ့ပါသည်။

တူနီးရှားနိုင်ငံနှင့် အီဂျစ်နိုင်ငံတို့၏ ပုဂ္ဂလိကပိုင်လွှဲပြောင်းမှုအခြေအနေများ

၁၈။    ၂၀၁၁ ခုနှစ်တွင် တူနီးရှားနိုင်ငံသည် အပြောင်းအလဲနှင့်အတူ စီးပွားရေးပုံစံကိုလည်း ပြောင်းလဲခဲ့ပါသည်။ တိုင်းပြည်၏ စီးပွားရေးဆိုင်ရာစနစ်ကို ပြောင်းလဲခဲ့သော်လည်း ကြီးမား သည့် စီးပွားရေးလုပ်ငန်းအများစုကို အာဏာပိုင်များ၏လက်တွင်းသို့ အသွင်တစ်မျိုးဖြင့် ကူးပြောင်းခြင်းသာဖြစ်ခဲ့ပါသည်။

၁၉။    ထို့နည်းတူ အီဂျစ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းအများစုသည်လည်း ထိန်းချုပ်မှုအောက် တွင်လည်ပတ်လျက်ရှိပါသည်။ တံခါးဖွင့်စီးပွားရေး စနစ်သစ်ကိုကျင့်သုံးပြီး အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းအရေအတွက် များပြားလာသော်လည်း နိုင်ငံ၏စီးပွားရေးအကျိုး အမြတ် ၆၀ ရာခိုင်နှုန်းကို အာဏာပိုင်များကရရှိနေပါသည်။ လုပ်ငန်းရှင်သစ်များမပေါ်ထွက် စေရန် ဘဏ်နဲ့ အရင်းအနှီးရှားပါးမှု အခြေအနေကိုလည်း ဖန်တီးထားပါသည်။ ပြည်ပရင်းနှီး မြှုပ်နှံသည့် လုပ်ငန်းရှင်များကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် တင်းတင်းကျပ်ကျပ်ချုပ်ကိုင် ထားပြီး ဝင်ရောက်လာမှု နှောင့်နှေးအောင် ဥပဒေလုပ်ထုံးလုပ်နည်းများဖြင့် ထိန်းချုပ်ထားခဲ့ပါ သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် အထူးသဖြင့် အာဏာရှင်အသိုင်းအဝိုင်းနှင့် ဆက်စပ်နေသည့် လုပ်ငန်းများနှင့်သာ (Joint Venture) အကျိုးတူပူးပေါင်းခွင့်ရရှိစေခဲ့ပါသည်။ ကြီးမားသည့်လုပ်ငန်းများဖြစ်သော ရေနံထုတ်လုပ်မှုလုပ်ငန်း၊ အကြီးစားစက်မှုလုပ်ငန်းများ၊ တန်ဖိုးကြီးသည့် အစိုးရပရောဂျက်လုပ်ငန်းများကိုလည်း ၎င်းတို့နှင့်ပတ်သက်ဆက်နွှယ်သည့် နိုင်ငံရေးသမားများနှင့် ချိတ်ဆက်ထားသည်ကို တွေ့ရှိရပါသည်။

ကိုရီးယားသမ္မတနိုင်ငံ၏ ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်း

၂၀။    ကိုရီးယားသမ္မတနိုင်ငံသည် ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းကို ၁၉၆၈ မှ ၁၉၉၈ ခုနှစ်ထိ စီမံကိန်း ၅ ခု ခွဲ၍ဆောင်ရွက်ခဲ့ပြီး ရပိုင်ခွင့်များရောင်းချခြင်းကို ပြည်သူသို့တင်ဒါခေါ်ယူခြင်းဖြင့် ရှယ်ယာ အစီအစဉ်ကိုဆောင်ရွက်ခဲ့ပါသည်။ အခြေခံဝယ်ယူမှုများမှာ အလုပ်ရှင်များ၊ တစ်ဦးတည်းပိုင်ရင်းနှီး မြှုပ်နှံမှုများနှင့် ကုမ္ပဏီများဖြစ်ကြပါသည်။ ရပိုင်ခွင့်များကိုရောင်းချခြင်းသည် နိုင်ငံတော်မှပိုင်ဆိုင်မှု အား ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခြင်းပင်ဖြစ်ပါသည်။ စီးပွားရေးစီမံကိန်းရေးဆွဲရေး ဘုတ်အဖွဲ့ကို ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး အစိုးရအရာထမ်း ၁၃ ဦးနှင့် အရပ်သား ၆ ဦး ပါဝင် သော Privatization Proceeding Council ကို ဖွဲ့စည်းပြီး အောက်ပါနည်းလမ်းများကို ချမှတ်ခဲ့ ပါသည် -

 

(က)

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၏ ရှယ်ယာများအားလုံးကို သော်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းကိုသော်လည်းကောင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လည်း ကောင်း၊  လွှဲပြောင်းရောင်းချခြင်း၊

(ခ)

ရှယ်ယာများအား တစ်ဖြည်းဖြည်းလွှဲပြောင်းရောင်းချခြင်း (Fully Privatization)

(ဂ)

ပြုပြင်ပြောင်းလဲခြင်း (Restructuring)

(ဃ)

စီမံခန့်ခွဲမှုအား ကန်ထရိုက်စနစ်ဖြင့်ဆောင်ရွက်ခြင်းတို့ဖြစ်ပါသည်။

၂၁။    ကိုရီးယားနိုင်ငံသည် ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းကို နည်းဗျူဟာများချမှတ်ဆောင်ရွက်ခဲ့ပါ သည်။ ၎င်းနည်းဗျူဟာများမှာအောက်ပါအတိုင်းဖြစ်ပါသည် -

 

(က)

ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းအားဖြင့် ပြောင်းလဲမှုမှာအုပ်ချုပ်မှုပိုင်းတွင် ဖြစ်ပါသည်။ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု၊ ပြည်သူသို့အခွင့်အရေးပေးခြင်း၊ လုပ်ကိုင်နေသူသို့ ဝယ်ယူခွင့်ပြန်ပေးခြင်း၊ ရှယ်ယာအသစ်ခေါ်ယူခြင်း၊ ပြည်တွင်းရင်းနှီးမြှုပ်နှံသူ အဖွဲ့အစည်းများ (ဘဏ်များ)၊ မန်နေဂျာများ၊ အစိုးရနှင့်ပူးပေါင်းဆောင်ရွက်သူတို့ အားထိန်းချုပ်ထားခြင်း။

(ခ)

စက်မှုအဆင့်ပြုပြင်ပြောင်းလဲမှုတွင် ပထမအချက်မှာ ယှဉ်ပြိုင်မှုကိုအားပေးသည့် ပြုပြင်ပြောင်းလဲမှုများနှင့် ဒုတိယအချက်မှာ တစ်ဦးတည်းချုပ်ကိုင်ထားသည့် ကဏ္ဍ များတွင် ထိန်းချုပ်ထားမှုများအား ပြုပြင်ပြောင်းလဲမှုများ ဖြစ်ကြပါသည်။

(ဂ)

အမျိုးသားအဆင့် ပြုပြင်ပြောင်းလဲမှုများကို ထုတ်လုပ်မှု၊ လုပ်သားနှင့်အရင်းအနှီး ဈေးကွက်များ၏ တိုးတက်မှုတို့ဖြင့် တိုင်းတာနိုင်ပါသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ များကိုဆွဲဆောင်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ အခွန်နှင့်စပ်လျဉ်းသည့်ဥပဒေများကို ပြန်လည်ရေးဆွဲခြင်းဖြစ်ပါသည်။

(ဃ)

စီမံခန့်ခွဲမှုအား ကန်ထရိုက်စနစ်ဖြင့်ဆောင်ရွက်ခြင်းတို့ဖြစ်ပါသည်။

နိုင်ငံတကာ၏ပုဂ္ဂလိကပိုင်ပြုလုပ်ရာတွင် တွေ့ကြုံရသည့်စိန်ခေါ်မှုများ

၂၂။    ဗဟိုချုပ်ကိုင်သည့်စနစ်မှ အခြေခံစီးပွားရေးစနစ်သို့ အသွင်ကူးပြောင်းသော နိုင်ငံအချို့တွင် အောက်ပါနယ်ပယ်များ၌ စိန်ခေါ်မှုများကိုလည်း တွေ့ရှိနေပါသည်။ တင်ပြပါနိုင်ငံများကြုံတွေ့ရ သည့်အခြေခံအကျဆုံးသော စိန်ခေါ်မှုနယ်ပယ်အချို့မှာ -

(က)

နိုင်ငံပိုင်လုပ်ငန်းများအား ပုဂ္ဂလိပိုင်လွှဲပြောင်းပေးခြင်း၊

   

(ခ)

ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့် ရှင်းလင်းပြတ်သားစွာ ချမှတ်ပေးခြင်း၊ လွတ်လပ်သော တရားစီရင်ရေးစနစ် ပူးတွဲချမှတ်ပေးခြင်း၊

   

(ဂ)

ထိန်းချုပ်ထားခဲ့သော စျေးနှုန်းများအား လွတ်လပ်ခွင့်ပြုခြင်း၊

   

(ဃ)

ယခင်က တံခါးပိတ်ထားခဲ့သော စီးပွားရေးကို ကမ္ဘာ့ကုန်သွယ်ရေး၊ ဘဏ္ဍာရေးနှင့် ပြန်လည်ပူးပေါင်းခွင့်ပြုခြင်းတို့တွင် စိန်ခေါ်မှုများကို တွေ့ရှိရပါသည်။

ပုဂ္ဂလိကပိုင်လွှဲပြောင်းခြင်း၏ အားသာချက်များ

၂၃။    ပုဂ္ဂလိကပိုင်လွှဲပြောင်းခြင်း၏ အားသာချက်များသည် နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်း များအား ရေရှည်တည်တံ့စေရန်နှင့် ဖွံ့ဖြိုးတိုးတက်စေသည့်အချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

(က)

လုပ်သားများလွှဲပြောင်းရေး ပြဿနာနှင့် အလုပ်လက်မဲ့ပြဿနာများ ဖြစ်ပေါ်စေခြင်း။

( ခ)

အလုပ်အကိုင်များထပ်မံဖန်တီးရေး၊ လူမှုဖူလုံရေးဆိုင်ရာများ မဆောင်ရွက်ပေးနိုင် ခြင်း။

( ဂ)

ပုဂ္ဂလိကကဏ္ဍနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများတွင် ပွင့်လင်းမြင်သာမှု အားနည်း ချက်များရှိခြင်းနှင့် စီးပွားရေးလုပ်ငန်းများ၏ လုပ်ငန်းစဉ်သတင်းအချက်အလက် များကိုပြည့်စုံစွာမရရှိခြင်း။

(ဃ)

စျေးနှုန်းများအား အလွယ်တကူပြန်လည်လွတ်လပ်စွာ လှုပ်ရှားခွင့်ပြုလိုက်ခြင်းမှာ ငွေကြေးဖောင်းပွမှုကိုဦးတည်စေပြီး ပုံသေဝင်ငွေရရှိသူများအတွက် ခက်ခဲ ကျပ်တည်းစေနိုင်ခြင်း၊

ထို့ကြောင့် အဆိုပါ အားနည်းချက်များကို အတတ်နိုင်ဆုံး အနည်းဆုံးဖြစ်စေရေး ကိုင်တွယ် ဆောင်ရွက်ရန်လိုအပ်ပါသည်။

နိုင်ငံပိုင်စီးပွားရေးတစ်ရပ်လုံးအပေါ်လွှမ်းခြုံအကျိုးသက်ရောက်မှုများ

၂၅။    ပုဂ္ဂလိကပိုင်လွှဲပြောင်းခြင်းသည် ယခင်နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအခန်းကဏ္ဍ၏ ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှု၊ ငွေကြေးခိုင်မာမှုနှင့် ကြွေးမြီများလျော့နည်းအောင် ဆောင်ရွက်ပေးစေ ခြင်းဖြင့် အပြုသဘောဆောင်သည့် အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေပါသည် - 

(က)

နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများ၏အမြတ်ငွေသည် ပုဂ္ဂလိကလုပ်ငန်းများ၏ အမြတ်ငွေထက် လျော့နည်းလေ့ရှိခြင်း။

( ခ)

စက်မှုထုတ်ကုန်များတွင် သတ်မှတ်ထားသည့်စံချိန်စံညွှန်းအတိုင်း ထုတ်လုပ်ခြင်း နှင့်ကျယ်ပြန့်အောင် ဆောင်ရွက်နိုင်ရန် အထောက်အပံ့ရရှိစေခြင်း။

( ဂ)

အလုပ်သမားများအနေဖြင့် ကနဦးအစတွင် ယင်းကို လိုလားမှုမရှိသော်လည်း ရေရှည်တွင် အလုပ်သမားများ၏ စွမ်းရည်မြင့်မားခြင်းနှင့် အောင်မြင်ဖြစ်ထွန်း ခြင်းများစသည့် အကျိုးခံစားမှုများကို ရရှိစေခြင်း။

(ဃ)

နိုင်ငံတော်၏အခြေခံအဆောက်အဦအားလုံးကို ဖွံ့ဖြိုးတိုးတက်ရန် အကူအညီပေး ခြင်း၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများအပေါ် ထောက်ပံ့မှုသာလွန်ခြင်းနှင့် ဖောက်သည်များကို ဝန်ဆောင်မှုလျင်မြန်စွာပေးနိုင်ခြင်းတို့ဖြစ်ပါသည်။

( ဇ)

စျေးကွက်ယှဉ်ပြိုင်မှုများ ဖြစ်ပေါ်လာစေခြင်း၊

(စျ)

ဗဟိုချုပ်ကိုင်မှုလျော့နည်းသည့် ဘဏ်လုပ်ငန်းများ ပေါ်ထွက်လာစေခြင်း တို့ဖြစ်ပါသည်။

၂၆။    စနစ်တစ်ခုသည် နိုင်ငံတစ်နိုင်ငံအတွက် ကိုက်ညီမှန်ကန်နိုင်သော်လည်း အခြားနိုင်ငံ တစ်နိုင်ငံအတွက် ကိုက်ညီမှုကွဲလွဲနိုင်ပါသည်။ အသွင်ကူးပြောင်းနေသော နိုင်ငံများအနေဖြင့် အဆိုပါ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာ၌ လက်ခံကျင့်သုံးနေသော ပြောင်းလဲမှုအနေအထား ပေါ်မူတည်၍ ကွဲပြားခြားနားသော အကျိုးဆက်များ ကြုံတွေ့ရတတ်ပါသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများသည် တစ်ခုနှင့်တစ်ခု ဆက်စပ်ပတ်သက်လျက်ရှိနေခြင်းတို့ကြောင့် အသွင်ကူး ပြောင်းမှု ပြုလုပ်နေသောနိုင်ငံတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပြည်တွင်း၊ ပြည်ပ အကျိုးသက် ရောက်မှုများဖြစ်ပေါ်လာပြီး ယင်းနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အပေါ်များစွာ သော စိန်ခေါ်မှုများရှိလာစေခဲ့ပါသည်။ နိုင်ငံတစ်နိုင်ငံအနေဖြင့် စီးပွားရေးပြုပြင်ပြောင်းလဲမှု လမ်းစဉ်များချမှတ်ရာ၌ နိုင်ငံတကာမှဖြစ်ပေါ်ပြောင်းလဲမှုများကို ထည့်သွင်းစဉ်းစား၍ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုအတွက် သင့်လျော်သည့်မူဝါဒ ချမှတ်ရမည်ဖြစ်ပါသည်။ ထို့ကြောင့် မူဝါဒချမှတ် ရာတွင် မိမိနိုင်ငံ၏ပကတိအ​ခြေအနေများ၊ နိုင်ငံရေးမူဝါဒများ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ တို့ကို ထည့်သွင်းသုံးသပ်ရန်လိုအပ်ပါသည်။

၂၇။    နိုင်ငံတော် Reform Process တစ်ခုဖြစ်သော ပုဂ္ဂလိကပိုင်ပြုလုပ်ရေးသည် စီးပွားရေး ပြုပြင်ပြောင်းလဲနေမှုနှင့်အညီ ပြုစုတင်ပြခြင်းဖြစ်ပါသည်။ စိန်ခေါ်မှုများစွာကို ကျော်လွှားပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အသွင်ကူးပြောင်းဆောင်ရွက်နေကြသော မြန်မာနိုင်ငံ အပါ အဝင် နိုင်ငံအချို့၏ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ဆောင်ရွက်နေမှုအခြေအနေများကို လေ့လာဖတ်ရှု ခြင်းဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဥပဒေပြုရေးလုပ်ငန်းစဉ်များတွင် တစ်စိတ်တစ်ပိုင်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။


 

သတိပြုရန်

ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ် မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည်  အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော် သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ရက္စြဲ
၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်