Skip to main content
(စ)-မုံရွာမြို့နယ်၊ လယ်ဇင်အုပ်စု၊ ဆားကျင်းအင်း(သို့) ဆင်သောက်ကန်အင်းအား သန့်ရှင်းသော သဘာဝပတ်ဝန်းကျင် ရရှိရန်အတွက် ပြန်လည်ထိန်းသိမ်းရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဆားကျင်းအင်းရွာလေးက ဆားကျင်းအင်းနှင့် မုံရွာ-မန္တလေးလမ်းမကြီး၏ ကြားထဲတွင်တည်ရှိပြီး အိမ်ခြေ ၁၉၂ လုံး၊ လူဦးရေ ၉၉၀ ခန့်ရှိပါကြောင်း၊ ယခင်က ၎င်းရွာလေးသည် သောက်ရေ/ သုံးရေအတွက် ရွာ၏အရှေ့ပိုင်း အင်းစပ်ရှိ ရေတွင်းလေးမှ ရယူသုံးစွဲနိုင်ခဲ့ပါကြောင်း၊ ၁၉၉၆ ခုနှစ်နောက်ပိုင်း စက်မှုဇုန်များဖော်ထုတ်ရာတွင် မြို့ထဲရှိ ကြာဇံစက်၊ သားရေရုံကို ဆားကျင်းအင်း၏အရှေ့ဘက်ကို ပြောင်းရွေ့ပေးခဲ့ပါကြောင်း၊ ၎င်းစက်ရုံများက ရေဆိုးများ ဆားကျ

(င)-ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်း လုပ်ငန်းများအား စနစ်တကျ အားပေးကူညီ ဆောင်ရွက်သွားရန်နှင့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်မှု အခြေအနေများအား ပြန်လည် စိစစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက် Community Forestry Instruction ကို ၁၉၉၅ ခုနှစ်တွင် စတင်ထုတ်ပြန်ခဲ့ပြီး အစိုးရသစ်လက်ထက် ၁၆-၈-၂၀၁၆ ရက်နေ့တွင် ဝန်ကြီးဌာနအနေဖြင့် သစ်တောဥပဒေပုဒ်မ ၅၇ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဖြည့်‌စွက်ပြင်ဆင်စွာ ညွှန်ကြားချက်အသစ်တစ်ရပ်‌ ထုတ်ပြန်ခဲ့ပါကြောင်း၊ ၁၉၉၅ ခုနှစ်ကနေပြီး ၂၀၁၇ ခုနှစ် မေလအထိရထားသည့် CF က စာရင်းမှာ တိုင်းဒေသကြီးနှင့်ြ

(ဃ)-မဘိမ်းသစ်ထုတ်လုပ်ရေးဒေသမှ ထုတ်လုပ်မည့် သစ်မာတန် (၂၀၀၀) နှင့် ရွှေလီ၊ မဘိမ်း သစ်ထုတ်လုပ်ရေးဒေသမှ ထုတ်လုပ်မည့် သစ်မာတန် (၁၀၀၀) အား အငှားကားတိုက်ရာတွင် ဒေသခံပြည်သူများ လုပ်ကိုင်ခွင့်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်၊ မဘိမ်းသစ်ထုတ်ရေးဒေသမှာ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် သစ်မာတန် ၁၁၀၀၀ နှင့်‌ ရွှေလီသစ်ထုတ်ရေးဒေသမှ သစ်မာတန် ၃၀၀၀ အား ထုတ်လုပ်မည်ဟု သိရှိရပါကြောင်း၊ ဌာနကားနှင့်တိုက်မှာက ၉၀၀၀ ဖြစ်ပြီး ပိုသည့်တန် ၃၀၀၀ ကို ဒေသခံအငှားကားများနှင့် တိုက်မည်ဟု ရည်ရွယ်ပြောဆိုခဲ့လျှင် မိမိအနေဖြင့် ၂၈-၁၁-၂၀၁၆ ရက်နေ့ အမြဲသိမ်းဂျာနယ်တွင် ဝန်ကြီးပြောထားချက်အရ မိုးမိတ်မြို့နယ်က ဒေသခံကားခေါင်းဆောင်ြ

(ဂ)-နမ္မတူမြို့နယ်ရှိ နမ္မတူရပ်ကွက်ကို သတ္တုတွင်းနယ်မြေဟု အငြင်းပွားမှုများ ရှိနေပါသဖြင့် မြေပုံနှင့် တိကျသောပြန်တမ်း အမိန့်ကြေညာစာအပါအဝင် ပိုင်ဆိုင်မှုအထောက်အထားများရှိ/မရှိ သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

၁၀-၇-၁၉၇၂ ခုနှစ်တွင် ရန်ကုန်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၁၉၀၇ ခုနှစ်၊ မြို့ပြအက်ဥပဒေ ပုဒ်မ ၄ အရ ထုတ်ပြန်ထားသည့် အမိန့်ကြေညာစာတွင် နမ္မတူမြို့ကို နမ္မတူရပ်ကွက်၊ ပန်ဟိုက် ရပ်ကွက်ဆိုပြီး သတ်မှတ်ထားပါကြောင်း၊ ၁၅-၁၀-၁၉၈၄ ခုနှစ်  ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီး ဌာန၏ အမိန့်ကြေညာစာတွင် ၄င်းရပ်ကွက်၂ခုလုံးသည် နမ္မတူမြို့ စည်ပင်သာယာရေး နယ်နိမိတ်  အတွင်း ပါဝင်သည့် ရပ်ကွက်များဖြစ်သည်ဟု ဖော်ပြထားပါကြောင်း၊ နမ္မ

(ခ)-မြန်မာနိုင်ငံတွင် လေထုညစ်ညမ်းမှုကြောင့် ဆိုးရွားသောအကျိုးဆက်များ ဖြစ်နေခြင်းကိုလျော့နည်း စေရန် လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဥပဒေ ပြဋ္ဌာန်းရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ကမ္ဘာပေါ်တွင် လူဦးရေတိုးတက်ပြောင်းလဲမှု၊ လူနေမှု ပုံစံပြောင်းလဲမှု၊ မြို့/ရွာတိုးချဲ့လာခြင်း၊ စွမ်းအင် လိုအပ်ချက်များလာခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု အပြောင်းအလဲ အသက်အရွယ်ကြီးလာမှု ထို့ကြောင့်‌ အရှေ့တောင်အာရှတွင်နေထိုင်သူများသည် လေထုညစ်ညမ်းမှုဒဏ်ကို အလွယ်တကူခံရမှု ပိုများလာပါကြောင်း၊  ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အချက်အလက်အရ အာဆီယံမြို့တော် ၁၀ မြို့တော် တွင် အမှုန်အမွှားပျံ့နှံ့မှုအမြင့်ဆုံး နှင့် လေထုညစ်ညမ်းမှု အျ