Skip to main content

လွှတ်တော်စာကြည့်တိုက် နှင့် စာဖတ်ခန်းများအား စာအုပ်များလှူဒါန်းပွဲ အခမ်းအနားကျင်းပ

ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် စာကြည့်တိုက် နှင့် စာဖတ်ခန်းများသို့ စာအုပ်များလှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ် (Function Hall) ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့် ပြည်တွင်းပြည်ပ သတင်းမီဒီယာများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ် ရေးကော်မရှင်အဖွဲ့ဝင် စာရေးဆရာ မောင်စာဂ(ဦးမြင့်နိုင်)၏   “တရားဥပဒေ စိုးမိုးရေးနှင့် ဥပဒေ စကား၊ ဥပဒေစိတ်ထား” စာအုပ်နှင့် ပတ်သက်၍ တက်ရောက်လာကြသူများအား မိတ်ဆက်အဖွင့် အမှာ စကားပြောကြားပြီး အလှူရှင် စာရေးဆရာ မောင်စာဂ(ဦးမြင့်နိုင်) က  ၎င်းကိုယ်တိုင် ရေးသားခဲ့သော  စာအုပ်များကို လွှတ်တော်စာကြည့်တိုက်နှင့် စာဖတ်ခန်းများ သို့ ပေးအပ် လှူဒါန်းခဲ့သည်။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်