Skip to main content

(၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံ AIPA တက်ရောက်လာ သည့် ပါလီမန်ခေါင်းဆောင်များနှင့်ကိုယ်စားလှယ်များ နေပြည်တော်တစ်ဝိုက် ဆက်လက်လေ့လာ

 (၃၇)ကြိမ်မြောက် အာဆီယံပါလီမန်များအထွေထွေညီလာခံ တက်ရောက်လာသည့် အထွေထွေအတွင်းရေးမှူးချုပ် အပါအဝင် အာဆီယံပါလီမန်များမှ ဒုတိယဥက္ကဋ္ဌ၊ ကိုယ်စားလှယ် အဖွဲ့ဝင်များသည် ယနေ့ မွန်းလွဲပိုင်းက နေပြည်တော် အမျိုးသားပြ တိုက်ရှိ သမိုင်းမတင်မီခေတ်မှ စ၍ပျူခေတ်၊ ပုဂံခေတ် ကျောက်ခေတ်၊ သံခေတ်၊ ကြေးခေတ်ပြခန်းများကို ကြည့်ရှုကြပြီး ဥပ္ပါတသန္တိစေတီတော်ကို ဖူးမြော်ကြသည်။

ထို့နောက် ပါလီမန်လေ့လာရေးအဖွဲ့သည် နေပြည်တော် ဖိုးစောင်းတောင်ပေါ်ရှိ  တောင်ထိပ်မှ နေပြည်တော်ရှုခင်းများကို ကြည့်ရှုကြသည်။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်

အာဆီယံပါလီမန်များ အထွေထွေညီလာခံဆက်လက်ကျင်းပ

(၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံ၏ ဆက်စပ်အစည်းအဝေးများ ဖြစ်သည့် နိုင်ငံရေးရာကော်မတီ၊ စီးပွားရေး ရာကော်မတီ၊ လူမှုရေးရာကော်မတီ၊ အမျိုးသမီး လွှတ်တော်ကိုယ်စား လှယ်များ အစည်းအဝေး (WAIPA) နှင့် အာဆီယံပါလီမန်များ အထွေထွေညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီတို့ကို ယနေ့နံနက်ပိုင်းမှ စတင်၍နေပြည်တော်ရှိ ဟိုတယ်အစီအီးရှိ သတ်မှတ်နေရာများ၌ ဆက်လက်ကျင်းပသည်။

ဖြူးမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ ၂၀၁၆-၁၇ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးကျောင်းများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

   ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ ၂၀၁၆-၁၇ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံး ကျောင်းများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဖြူးမြို့နယ် မြို့နယ်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက် အမှာစကား ပြောကြားသည်။

ဇေယျာသီရိမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ကြသော ကျောင်းသား/ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံး ကျောင်းများအား ပညာရည်ချွှန်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ဇေယျာသီရိမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ ၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ကြသော ကျောင်းသား/ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံး ကျောင်းများအား မန်းအောင်ငြိမ်း ဖောင်ဒေးရှင်းက ပညာရည်ချွှန်ဆု ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်၊ စိမ်းစားပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံကြီး၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက် အမှာစကား ပြောကြားသည်။

လွှတ်တော်စာကြည့်တိုက်သို့ အမေရိကန်သံရုံးမှ စာအုပ်များလှူဒါန်းပွဲကျင်းပ

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ လွှတ်တော်စာကြည့်တိုက်သို့ ဥပဒေပြုရေးဆိုင်ရာနှင့် အုပ်ချုပ်မှု ဆိုင်ရာ  အထောက်အကူပြုစာအုပ်များဖြစ်သည့် အင်္ဂလိပ်ဘာသာ စာအုပ် (၅၀) အုပ်နှင့် မြန်မာဘာသာစာအုပ် (၂၇) အုပ် စုစုပေါင်း (၇၇)အုပ်၊ အမေရိကန်ဒေါ်လာ ၃၄၈၆.၇၈ တန်ဖိုးရှိစာအုပ်များ ပေးအပ်လှူဒါန်းပွဲကို ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁ ရက် နံနက် (၀၈း၃၀) နာရီအချိန်တွင် လွှတ်တော်ဝန်းအတွင်းရှိ ဇမ္ဗူသီရိဆောင်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

၁၃၇၉ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်၊ နှစ်သစ်မင်္ဂလာအခါတော်နေ့တွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အဆောက်အအုံ၌ အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်း မင်္ဂလာအခမ်းအနားကျင်းပ

    ၁၃၇၉ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်နာ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ( C ) ဆောင်ရှိ အစည်းအဝေးခန်းမဆောင်၌ ကျင်းပသည်။

    အခမ်းအနားသို့ နေပြည်တော်၊  ဥတ္တရသီရိမြို့နယ်၊ ၀ဏ္ဏသိဒ္ဓိရပ်ကွက်ရှိ သာမဏေကျော်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တ-တေဇောဘာသ အမှူးပြုသော သံဃာတော် အရှင်မြတ်တို့ကြွ ရောက်ကြသည်။ ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ၀ဏ္ဏသိဒ္ဓိရပ်ကွက်ရှိ သာမဏေကျော် ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ-တေဇောဘာသထံမှ ငါးပါးသီလခံယူဆောက် တည်ကြသည်။

Subscribe to အခြား