Skip to main content

စီးပွားရေးလုပ်ငန်းဆိုင်ရာယှဉ်ပြိုင်ခြင်း

အကျဉ်းချုပ်

စီးပွားရေးလုပ်ငန်းများအကြား တရားမျှတသည့် စျေးကွက်ယှဉ်ပြိုင်မှုစနစ် ဖြစ်ပေါ်စေ ရန်အတွက် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၉/၂၀၁၅ ဖြင့် ယှဉ်ပြိုင်မှုဥပဒေကို ပြဋ္ဌာန်းခဲ့ ပါသည်။ နိုင်ငံအတွင်း တရားမျှတသည့်စျေးကွက် ယှဉ်ပြိုင်မှုဖြစ်ပေါ်စေရန် နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသည့် ကောင်းမွန်သောစနစ်များကိုအခြေခံ၍ စီးပွားရေးလုပ်ငန်းဆိုင်ရာယှဉ်ပြိုင် ခြင်းစာတမ်းတိုအား ပြုစုတင်ပြခြင်းဖြစ်ပါသည်။

ငွေကြေးဖောင်းပွမှု

အကျဥ်းချုပ် မြန်မာနိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ၅.၆၇ ရာခိုင်နှုန်းဖြစ် ကြောင်း အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း(မူကြမ်း)တွင် ဖော်ပြထားပါသည်။ ပထမအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၃-၆-၂၀၁၄ ရက်နေ့တွင် ဒေါက်တာမြင့်ကြည် (ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်-၈) က ငွေကြေးဖောင်းပွမှု တည်ငြိမ် ေရးအတွက် မူဝါဒချမှတ်ပေးရန် အဆိုတင်သွင်းခဲ့ပါသည်။ ငွေကြေးဖောင်းပွမှုကြောင့် ကုန်စျေးနှုန်း များကြီးမြင့်မှုကို ရင်ဆိုင်နေရကြောင်း၊ ငွေကြေးဖောင်းပွမှုသည် နှစ်စဥ်မြင့်တက်နေသောကြောင့် ထိန်းချုပ်နိုင်ရန်အတွက် ရည်ရွယ်၍ ယင်းအဆိုအား တင်သွင်းခဲ့ပါသည်။ ဤစာတမ်းတိုတွင် ငွေကြေးဖောင်းပွမှုဖြစ်ပေါ်ရသည့် အကြောင်းအရင်းများနှင့် ငွေကြေးဖောင်းပွမှု အားထိန်းချုပ်ခြင်းစသည့် အချက်အလက်များအား ရှာဖွေပြုစုထားပါသည်။ ထို့ပြင် မြန်မာနိုင်ငံ အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်၊ အိန္ဒိယ၊ ဂျပန် စသည့်နိုင်ငံများ၏ ငွေကြေး ဖောင်းပွမှုနှုန်းများအား ဖော်ပြထားပါသည်။ ၁။ ငွေကြေးဖောင်းပွမှု (Inflation) ဆိုသည်မှာအဘယ်နည်း။

အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး သုတေသနမှတ်တမ်းတို

အကျဉ်းချုပ် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ (မူကြမ်း) ကို ဆွေးနွေးအတည်ပြု နိုင်ရေးအတွက် ၃-၂-၂၀၁၄ ရက်နေ့တွင် အမျိုးသားလွှတ်တော်သို့ တင်သွင်းခဲ့ပြီး လာမည့်ပထမအကြိမ် ဒသမပုံမှန် အစည်းအဝေးတွင် စတင်ဆွေးနွေးမည်ဖြစ်ပါသည်။ ယခုအခါ နိုင်ငံတော်အကြီးအကဲများက အလေး ထားပြီး အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ပိုမိုအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် ဥပဒေအသစ် ရေးဆွဲပြဋ္ဌာန်းနိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်သည်များ၊ ပြည်တွင်းပြည်ပရင်းနှီး မြှုပ်နှံသူများ၊ ပညာရှင်များ ပူးပေါင်း၍ အထူးကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်အနေဖြင့် ယင်းဥပဒေပြဋ္ဌာန်းနိုင်လျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန်ဖြင့်ဝင်ရောက်လာခြင်းကြောင့် အသေးစား နှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ များစွာပေါ်ထွက်လာခြင်း၊ အရည်အသွေးကောင်းမွန်သောစံချိန်စံညွှန်းမီ ပစ္စည်းများသုံးစွဲခွင့်ရရှိခြင်း၊ နည်းပညာအချက်အလက်များနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိလာစေမည် ဖြစ်ပါသည်။ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ (မူကြမ်း) တွင်

Subscribe to economic