Law Database | Mail | English Version

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးတီခွန်မြတ် International IDEA မှ မြန်မာဌာနေကိုယ်စားလှယ် Mr. Mark McDowell ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ

 ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် International IDEA မှမြန်မာဌာနေ ကိုယ်စားလှယ်  Mr. Mark McDowell ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။         

ထိုသို့တွေ့ဆုံစဉ် မြန်မာလွှတ်တော်နှင့် International IDEA တို့အကြား နားလည်မှု စာချွန်လွှာ(MoU)  ရေးထိုးဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ အတွက် စွမ်းဆောင်ရည်မြင့်မား တိုးတက်စေရေးဆိုင်ရာကိစ္စရပ်များ၊  လွှတ်တော်နှင့် ပူးပေါင်း ဆောင်ရွက်သွားမည့်ကိစ္စရပ်များကို   ရင်းနှီးပွင့်လင်းစွာ  ဆွေးနွေးခဲ့ကြသည်။ 

အဆိုပါတွေ့ဆုံပွဲသို့ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ရေး အဖွဲ့ (JCC) ဒုတိယဥက္ကဋ္ဌ ဦအောင်ကြည်ညွန့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာ ဒေါ်သန်းငွေ၊ ဒေါ်အေးအေးမူ၊ လွှတ်တော်ရုံးများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

၂၀၁၇ ခုနှစ်၊ မတ်လ ၁၆ ရက်

News

26/04/2017

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမ ပုံမှန်အစည်းအဝေးကို နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ၂၀၁၇ ခုနှစ်၊ မေလ ၁၈ ရက် (ကြာသပတေးနေ့) နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ခေါ်ယူထားရာ အဆိုပါ အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံသို့ ပေး

ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရ သတင်းများ

26/04/2017

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမ ပုံမှန်အစည်းအဝေးကို နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ၂၀၁၇ ခုနှစ်၊ မေလ ၁၈ ရက် (ကြာသပတေးနေ့) နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ခေါ်ယူထားရာ အဆိုပါ အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို ပြည်သူ့လွှတ်တော် ကိုယ်စ

17/04/2017

    ၁၃၇၉ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်နာ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ( C ) ဆောင်ရှိ အစည်းအဝေးခန်းမဆောင်၌ ကျင်းပသည်။

Pages