Law Database | Mail | English Version

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းမြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးများအား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E.Mrs. Luan Thuy Duong အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာအဆောင်အမှတ် (I-11) ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံလွှတ်တော်များရှိ ဥပဒေရေးရာ ကော်မရှင်နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် ပြုပြင်ပြောင်းလဲရေးကို အထောက်အကူပြုသည့် ဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံဆောင်ရွက်လျက်ရှိသည့် ဗီယက်နမ်နိုင်ငံ ကုမ္ပဏီများ ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ အမြင်ခြင်းဖလှယ်ဆွေးနွေးကြသည်။

ထို့အတူ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Hong Liang အား ယနေ့ နေ့လယ် ၂ နာရီတွင် (I-11)ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်၏ လုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည် သင့်မြတ်ရေး ဆိုင်ရာ ကိစ္စရပ် များနှင့် ပတ်သက်၍  ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံမှုများတွင် ကော်မရှင်အဖွဲ့ဝင် ဦးကိုကိုနိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်

News

23/03/2017

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအား ၂၀၁၇ ခုနှစ် မတ်လ ၂၂ ရက်နေ့ မွန်းလွဲ (၁း၀၀) နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမ၌ တွေ့ဆုံပြီး ဥပဒေပြုရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

22/03/2017

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် သည် Democratic Control of Armed Forces (DCAF) ၏ အာရှပစိဖိတ် ဒေသဆိုင်ရာ အကြီးအကဲ Dr.

ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရ သတင်းများ

23/03/2017

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအား ၂၀၁၇ ခုနှစ် မတ်လ ၂၂ ရက်နေ့ မွန်းလွဲ (၁း၀၀) နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမ၌ တွေ့ဆုံပြီး ဥပဒေပြုရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်း

22/03/2017

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် သည် Democratic Control of Armed Forces (DCAF) ၏ အာရှပစိဖိတ် ဒေသဆိုင်ရာ အကြီးအကဲ Dr.

Pages