အကျဉ်းချုပ်
ရွေးကောက်ပွဲတွင်ပါဝင်မှုနှင့် ရွေးချယ်ခံရမှုအခြေအနေများ၊ ရွေးကောက်ပွဲထူးခြားချက် များ၊ ပါဝင်ယှဉ်ပြိုင်မှုနှင့် ရွေးချယ်ခံရမှုအခြေအနေ၊ လွှတ်တော်အလိုက်ပါတီနှင့် ကိုယ်စားလှယ် ပါဝင်မှုအခြေအနေ၊ လွှတ်တော်အတွင်း ကျားမပါဝင်မှု၊ တိုင်းရင်းသားများပါဝင်မှုနှင့် ကိုးကွယ် ရာဘာသာအခြေအနေ၊ ကိုယ်စားလှယ်များ၏ပညာအရည်အချင်းနှင့် အလုပ်အကိုင်အခြေအနေ၊ နိုင်ငံတစ်ဝှမ်းလုံးရှိ မဲဆန္ဒရှင်နှင့် မဲပေးမှုအခြေအနေများ၊ ရွေးကောက်ပွဲရလဒ်များအပေါ် သုံးသပ် ချက်များကို ရေးသားပြုစုတင်ပြခြင်းဖြစ်ပါသည်။
၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအခြေအနေအားသုံးသပ်ချက်
နိဒါန်း
၁။ မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက် အထွေထွေရွေးကောက်ပွဲကြီးသည် မြန်မာ့ပြုပြင်ပြောင်းလဲမှု၏အဓိကကျသော သမိုင်းမှတ်တိုင် တစ်ရပ်ဖြစ်ပါသည်။ ငြိမ်းချမ်းမှုကို လက်ကိုင်ပြု၍ ဒီမိုကရေစီနည်းကျရွေးကောက်ပွဲအတွေ့အကြုံအားနည်းသော မြန်မာနိုင်ငံသူနိုင်ငံ သားများသည် စည်းကမ်းစနစ်တကျရှိစွာဖြင့် မဲဆန္ဒပေးခဲ့မှုသည် နိုင်ငံရေးပါတီများအနေဖြင့် လည်းကောင်း၊ ရွေးကောက်ပွဲကော်မရှင်အနေဖြင့်လည်းကောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြီးမားသောအောင်မြင်မှုကြီးပင်ဖြစ်ပါသည်။
ရွေးကောက်ပွဲမကျင်းပနိုင်သည့်နယ်မြေများ
၂။ ပြည်သူ့လွှတ်တော်တွင် မဲဆန္ဒနယ် ၃၃၀ ရှိသည့်အနက် ရှမ်းပြည်နယ်မှ ပန်ဆန်း(ပန်ခမ်း)၊ နားဖန်း၊ ပန်ဝိုင်၊ မိုင်းမော၊ မိုင်းရှူး၊ ကျေးသီးနှင့် မိုင်းလားမြို့နယ် (၇) မြို့နယ်တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် ကျင်းပပေးရန် အခြေအနေမရှိသဖြင့် မဲဆန္ဒနယ် ၃၂၃ နယ်သာ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၏ထူးခြားချက်များ
၃။ ၂၀၁၅ခုနှစ်ရွေးကောက်ပွဲတွင် ထူးခြားချက်(၃)ရပ်ရှိသည်ကို တွေ့ရှိရပါသည်။၎င်းထူးခြား ချက်(၃)ရပ်မှာ-
(က) ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကြီး ဝင်ရောက်ယှဉ်ပြိုင်ခြင်း၊
(ခ) ၂၀၁၅ခုနှစ်အလွန် အစိုးရသစ်ထံသို့ အာဏာလွဲအပ်ခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပထမဆုံးအကြိမ်အဖြစ် လွှဲပြောင်းခြင်း၊
(ဂ) နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့များကို ပထမဆုံးအကြိမ်အဖြစ် အစိုးရကဖိတ်ခေါ်ခဲ့ခြင်း စသည်တို့ဖြစ်ပါသည်။
ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မှုနှင့် ရွေးချယ်ခံရမှုအခြေအနေ
၄။ ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ပါတီပေါင်း (၉၁) ပါတီ၊ တစ်သီးပုဂ္ဂလနှင့် လွှတ်တော်ကိုယ်စားလှယ်ပေါင်း (၆၀၃၈) ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး (၂၃) ပါတီနှင့် ကိုယ်စားလှယ် ပေါင်း (၁၁၅၀) ဦး ရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့ပါသည်။ ၎င်းတို့အနက်မှ ပြည်သူ့လွှတ်တော် အတွက် ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း (၁၇၃၄) ဦးတွင် (၃၂၃) ဦး ရွေးကောက်ခံခွင့်ရရှိခြင်း၊ အမျိုးသားလွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်သည့်ကိုယ်စားလှယ် လောင်း(၈၈၆) ဦးတွင် (၁၆၈) ဦးကို ရွေးကောက်ခွင့်ရရှိခြင်းနှင့် တိုင်းဒေသကြီးလွှတ်တော် အတွက် ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း (၃၄၂၂) ဦးတွင် (၆၅၉) ဦးကို ရွေး ကောက်တင်မြှောက်ခြင်းခံရကြောင်း တွေ့ရှိရပါသည်။
ပြည်သူ့လွှတ်တော်ရှိ ပါတီနှင့် ကိုယ်စားလှယ်များရွေးချယ်ခံရမှုအခြေအနေ
၅။ ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အတွက် အနိုင်ရပါတီ (၁၁) ပါတီ၊ တစ်သီးပုဂ္ဂလတို့ဖြစ်ပြီး အနိုင်ရကိုယ်စားလှယ်ပေါင်း (၃၂၃) ဦး တို့ဖြစ်ပါသည်။ ပါတီများမှ ကိုယ်စားလှယ်ပါဝင်မှုအခြေ အနေအသေးစိတ်ကို ပူးတွဲပါဇယား (၁)တွင် ဖော်ပြထားပါသည်။
(က) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၂၅၅ ဦး ၅၇.၉၅ ရာခိုင်နှုန်း
(ခ) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၃၀ ဦး ၆.၈၁ ရာခိုင်နှုန်း၊
(ဂ) ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၁၂ ဦး ၂.၇၃ ရာခိုင်နှုန်း၊
(ဃ) ရခိုင်အမျိုးသားပါတီ ၁၂ ဦး ၂.၇၃ ရာခိုင်နှုန်း၊
(င) ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၂ ဦး ၀.၄၅ ရာခိုင်နှုန်း၊
(စ) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ ၃ ဦး ၀.၆၈ ရာခိုင်နှုန်း၊
(ဆ) တအောင်း(ပလောင်) အမျိုးသားပါတီ ၃ ဦး ၀.၆၈ ရာခိုင်နှုန်း၊
(ဇ) “ဝ”ဒီမိုကရက်တစ်ပါတီ ၁ ဦး ၀.၂၃ ရာခိုင်နှုန်း၊
(ဈ) ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ၁ ဦး ၀.၂၃ ရာခိုင်နှုန်း၊
(ည) ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ ၁ ဦး ၀.၂၃ ရာခိုင်နှုန်း၊
(ဋ) လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ၂ ဦး ၀.၄၅ ရာခိုင်နှုန်း၊
(ဌ) တစ်သီးပုဂ္ဂလ ၁ ဦး ၀.၂၃ ရာခိုင်နှုန်း တို့ ဖြင့် အသီးသီးရွေးကောက်ခံအနိုင်ရရှိခဲ့ပါသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ ကျား/မပါဝင်မှုနှင့် အသက်အပိုင်းအခြားများ
၆။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအပြီး ပြည်သူ့လွှတ်တော်၌ ရွေးကောက်ခံကိုယ်စားလှယ် (၃၂၃) ဦးရှိသည့်အနက် အမျိုးသားပါဝင်မှုသည် (၂၇၉) ဦးနှင့် အမျိုးသမီးပါဝင်မှု (၄၄) ဦး တို့ဖြစ်ပါသည်။ ရာခိုင်နှုန်းအားဖြင့် အမျိုးသားပါဝင်မှုမှာ ၆၃.၆၄ ရာခိုင်နှုန်းနှင့် အမျိုးသမီးပါဝင် မှုမှာ ၁၀ ရာခိုင်နှုန်းပါဝင်ကြောင်းတွေ့ရှိရပါသည်။
အသက်အပိုင်းအခြားအနေဖြင့် ပါဝင်မှုများမှာ -
(က) အသက် ၂၅ နှစ်မှ ၃၅ နှစ်အတွင်း ၂၉ ဦး ၆.၆၀ ရာခိုင်နှုန်း၊
(ခ) အသက် ၃၆ နှစ်မှ ၅၀ အတွင်း ၉၉ ဦး ၂၂.၅ ရာခိုင်နှုန်း၊
(ဂ) အသက် ၅၁ နှစ်မှ ၇၀ အတွင်း ၁၈၅ ဦး ၄၂.၀၄ ရာခိုင်နှုန်း၊
(ဃ) အသက် ၇၁ နှစ်အထက် ၁၀ ဦး ၂.၂၇ ရာခိုင်နှုန်း တို့ပါဝင် ကြောင်းတွေ့ရှိရပါသည်။
အသေးစိတ်ကို ပူးတွဲပါဇယား(၂) တွင် ဖော်ပြထားပါသည်။
ပြည်သူ့လွှတ်တော်တွင် တိုင်းရင်းသားပါဝင်မှုနှင့် ကိုးကွယ်ရာဘာသာ
၇။ ပြည်သူ့လွှတ်တော်၏ ရွေးကောက်ခံကိုယ်စားလှယ် (၂၁၉) ဦး (၄၉.၇၇) ရာခိုင်နှုန်းသည် ဗမာတိုင်းရင်းသားများဖြစ်သည်ကို တွေ့ရှိရပါသည်။
(က) ကချင်တိုင်းရင်းသား ၁၀ ဦး ၂.၂၇ ရာခိုင်နှုန်း၊
(ခ) ကယားတိုင်းရင်းသား ၇ ဦး ၁.၆၀ ရာခိုင်နှုန်း၊
(ဂ) ကရင်တိုင်းရင်းသား ၈ ဦး ၁.၈၂ ရာခိုင်နှုန်း၊
(ဃ) ချင်းတိုင်းရင်းသား ၁၆ ဦး ၃.၆၄ ရာခိုင်နှုန်း၊
(င) မွန်တိုင်းရင်းသား ၆ ဦး ၁.၄၀ ရာခိုင်နှုန်း၊
(စ) ဗမာတိုင်းရင်းသား ၂၁၉ ဦး ၄၉.၇၇ ရာခိုင်နှုန်း၊
(ဆ) ရခိုင်တိုင်းရင်းသား ၁၇ ဦး ၃.၉၀ ရာခိုင်နှုန်း၊
(ဇ) ရှမ်းတိုင်းရင်းသား ၄၀ ဦး ၉.၁၀ ရာခိုင်နှုန်း ပါဝင်ကြောင်းလေ့လာ တွေ့ ရှိရပါသည်။
၈။ ပြည်သူ့လွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ်များတွင် ဗုဒ္ဓဘာသာဝင် (၂၉၀) ဦး ရာခိုင်နှုန်းအားဖြင့် ၆၅.၉၀ ရာခိုင်နှုန်းဖြစ်ပြီး ခရစ်ယာန်ဘာသာဝင် (၃၃) ဦး ရာခိုင်နှုန်းအားဖြင့် ၇.၅ ရာခိုင်နှုန်း ရှိသည်ကို တွေ့ရှိရပါသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ အလုပ်အကိုင်နှင့်ပညာအရည်အချင်းအခြေအနေ များ
၉။ ပြည်သူ့လွှတ်တော်သို့ ရွေးကောက်ခံကိုယ်စားလှယ်များတွင် အစိုးရဝန်ထမ်းမှ ကိုယ်စားလှယ် ဖြစ်လာသူ ၃၉ ဦး ၈.၈၆ ရာခိုင်နှုန်းနှင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်မှ ကိုယ်စားလှယ် ဖြစ်လာသူ ၁၇၅ ဦး ၃၉.၇၇ ရာခိုင်နှုန်းရှိသည်ကို တွေ့ရှိရပါသည်။ ပညာအရည်အချင်းအလိုက် ပါဝင်မှုများအနေဖြင့် -
(က) ဆရာဝန်ဘွဲ့ ၄၀ ဦး ၉.၀၉ ရာခိုင်နှုန်း၊
(ခ) အင်ဂျင်နီယာဘွဲ့ ၂၄ ဦး ၅.၄၅ ရာခိုင်နှုန်း၊
(ဂ) ဥပဒေဘွဲ့ ၄၅ ဦး ၁၀.၂၃ ရာခိုင်နှုန်း၊
(ဃ) ရိုးရိုးဘွဲ့ ၁၈၄ ဦး ၄၁.၈၂ ရာခိုင်နှုန်း
(င) အခြားပညာရပ်ဆိုင်ရာများ ၃၀ ဦး ၆.၈၂ရာခိုင်နှုန်း ဖြင့်ပညာရေး နယ်ပယ်အသီးသီးကပါဝင်ကြသည်ကို တွေ့ရှိရပါသည်။
အမျိုးသားလွှတ်တော်ရှိ ပါတီနှင့် ကိုယ်စားလှယ်များရွေးချယ်ခံရမှုအခြေအနေ
၁၀။ အမျိုးသားလွှတ်တော်အတွက် အနိုင်ရပါတီ (၉)ပါတီနှင့် တစ်သီးပုဂ္ဂလတို့ဖြစ်ပြီး အနိုင်ရ ကိုယ်စားလှယ်ပေါင်း(၁၆၈) ဦးတို့ဖြစ်ပါသည်။ အမျိုးသားလွှတ်တော်သို့ ပြည်နယ်/တိုင်း အလိုက် ကိုယ်စားလှယ်ပါဝင်မှု အခြေအနေအသေးစိတ်ကို ပူးတွဲပါဇယား (၃) တွင်ဖော်ပြထားပါသည်။
အမျိုးသားလွှတ်တော်သို့ ပါဝင်မှုများအနက် -
(က) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၁၃၅ ဦး ၆၀.၂၇ ရာခိုင်နှုန်း၊
(ခ) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၁၁ ဦး ၄.၉၁ ရာခိုင်နှုန်း၊
(ဂ) ရခိုင်အမျိုးသားပါတီ ၁၀ ဦး ၄.၄၆ ရာခိုင်နှုန်း၊
(ဃ) ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၃ ဦး ၁.၃၄ ရာခိုင်နှုန်း၊
(င) ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၂ ဦး ၀.၉၀ ရာခိုင်နှုန်း၊
(စ) တစ်သီးပုဂ္ဂလ ၂ ဦး ၀.၉၀ ရာခိုင်နှုန်း၊
(ဆ) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ ၁ ဦး ၀.၄၅ ရာခိုင်နှုန်း၊
(ဇ) တအောင်း(ပလောင်) အမျိုးသားပါတီ ၂ ဦး ၀.၉၀ ရာခိုင်နှုန်းနှင့်
(စျ) မွန်အမျိုးသားပါတီ ၁ ဦး ၀.၄၅ ရာခိုင်နှုန်း
(ည) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ၁ ဦး ၀.၄၅ ရာခိုင်နှုန်းတို့ ဖြင့် အသီးသီးရွေးကောက်ခံအနိုင်ရရှိခဲ့ပါသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၏ ကျား/မ ပါဝင်မှုနှင့်အသက်အပိုင်းအခြားများ
၁၁။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအပြီးတွင် အမျိုးသားလွှတ်တော်သို့ အနိုင်ရ ကိုယ်စားလှယ် ၁၆၈ ဦးရှိသည့်အနက် အမျိုးသားပါဝင်မှုသည် ၁၄၅ ဦးနှင့် အမျိုးသမီးပါဝင်မှု ၂၃ ဦး တို့ဖြစ်ပါသည်။ ရာခိုင်နှုန်းအားဖြင့် အမျိုးသားပါဝင်မှုမှာ ၆၄.၇၃ ရာခိုင်နှုန်းနှင့် အမျိုးသမီး ပါဝင်မှုမှာ ၁၀.၂၇ ရာခိုင်နှုန်းပါဝင်ကြောင်းတွေ့ရှိရပါသည်။
အသက်အပိုင်းအခြားအနေဖြင့် ပါဝင်မှုများမှာ -
(က) အသက် ၂၅ နှစ်မှ ၃၅နှစ်အတွင်း ၁၄ ဦး ၆.၂၅ ရာခိုင်နှုန်း၊
(ခ) အသက် ၃၆ နှစ်မှ ၅၀ အတွင်း ၅၁ ဦး ၂၃.၂၁ ရာခိုင်နှုန်း၊
(ဂ) အသက် ၅၁ နှစ်မှ ၇၀ အတွင်း ၉၉ ဦး ၄၃.၇၅ ရာခိုင်နှုန်း၊
(ဃ) အသက် ၇၁ နှစ်အထက် ၄ ဦး ၁.၇၉ ရာခိုင်နှုန်းတို့ ပါဝင် ကြောင်းတွေ့ရှိရပါသည်။
အသေးစိတ်ကို ပူးတွဲပါဇယား(၂) တွင် ဖော်ပြထားပါသည်။
အမျိုးသားလွှတ်တော်တွင် တိုင်းရင်းသားပါဝင်မှုနှင့် ကိုးကွယ်ရာဘာသာ
၁၂။ အမျိုးသားလွှတ်တော်၏ ရွေးကောက်ခံကိုယ်စားလှယ် (၈၉) ဦး (၃၉.၇၃) ရာခိုင်နှုန်း သည် ဗမာတိုင်းရင်းသားများဖြစ်သည်ကို တွေ့ရှိရပါသည်။
(က) ကချင်တိုင်းရင်းသား ၅ ဦး ၂.၂၃ ရာခိုင်နှုန်း၊
(ခ) ကယားတိုင်းရင်းသား ၇ ဦး ၃.၁၃ ရာခိုင်နှုန်း၊
(ဂ) ကရင်တိုင်းရင်းသား ၁၅ ဦး ၆.၇၀ ရာခိုင်နှုန်း၊
(ဃ) ချင်းတိုင်းရင်းသား ၁၃ ဦး ၅.၈၀ ရာခိုင်နှုန်း၊
(င) မွန်တိုင်းရင်းသား ၅ ဦး ၂.၂၃ ရာခိုင်နှုန်း၊
(စ) ဗမာတိုင်းရင်းသား ၉၃ ဦး ၄၁.၅၂ ရာခိုင်နှုန်း၊
(ဆ) ရခိုင်တိုင်းရင်းသား ၁၃ ဦး ၅.၈၀ ရာခိုင်နှုန်းနှင့်
(ဇ) ရှမ်းတိုင်းရင်းသား ၁၇ ဦး ၈.၀၄ ရာခိုင်နှုန်း တို့ပါဝင်ကြောင်း လေ့လာတွေ့ရှိရပါသည်။
၁၃။ အမျိုးသားလွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ်များတွင် ဗုဒ္ဓဘာသာဝင် (၁၄၄) ဦး ရာခိုင်နှုန်းအားဖြင့် ၆၄.၂၉ ရာခိုင်နှုန်းဖြစ်ပြီး ခရစ်ယာန်ဘာသာဝင် (၂၃) ဦး ရာခိုင်နှုန်းအားဖြင့် ၁၀.၂၆ ရာခိုင်နှုန်းရှိသည်ကို တွေ့ရှိရပါသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၏ အလုပ်အကိုင်နှင့်ပညာအရည်အချင်း အခြေ အနေများ
၁၄။ အမျိုးသားလွှတ်တော်သို့ ရွေးကောက်ခံကိုယ်စားလှယ်များတွင် အစိုးရဝန်ထမ်းမှ ကိုယ်စားလှယ်ဖြစ်လာသူ ၅၄ ဦး ၂၄.၁၁ ရာခိုင်နှုန်းနှင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်မှ ကိုယ်စားလှယ်ဖြစ်လာသူ ၉၀ ဦး ၄၀.၁၈ ရာခိုင်နှုန်းရှိပါသည်။ ပညာအရည်အချင်းအလိုက် ပါဝင်မှုများအနေဖြင့် -
(က) ဆရာဝန်ဘွဲ့ ၂၁ ဦး ၉.၃၈ ရာခိုင်နှုန်း၊
(ခ) အင်ဂျင်နီယာဘွဲ့ ၆ ဦး ၂.၆၈ ရာခိုင်နှုန်း၊
(ဂ) ဥပဒေဘွဲ့ ၃၀ ဦး ၁၃.၄၀ ရာခိုင်နှုန်း၊
(ဃ) ရိုးရိုးဘွဲ့ ၇၈ ဦး ၃၄.၈၂ ရာခိုင်နှုန်းနှင့်
(င) အခြားပညာရပ်ဆိုင်ရာများ ၃၃ ဦး ၁၄.၇၃ရာခိုင်နှုန်းဖြင့် ပညာရေးနယ်ပယ် အသီးသီးကပါဝင်ကြသည်ကို တွေ့ရှိရပါသည်။
တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ရှိ ပါတီနှင့် ကိုယ်စားလှယ်များရွေးချယ်ခံရမှု အခြေအနေ
၁၅။ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်အတွက် အနိုင်ရပါတီ (၂၁)ပါတီနှင့် တစ်သီးပုဂ္ဂလတို့ ဖြစ်ပြီး အနိုင်ရကိုယ်စားလှယ်ပေါင်း (၆၅၉) ဦးတို့ဖြစ်ပါသည်။ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်သို့ ပြည်နယ်/တိုင်းအလိုက် ကိုယ်စားလှယ်ပါဝင်မှု အခြေအနေအသေးစိတ်ကို ပူးတွဲပါ ဇယား (၄) တွင်ဖော်ပြထားပါသည်။
တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်သို့ ပါဝင်မှုများအနက် -
(က) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၄၉၆ ဦး ၅၆.၃၀ ရာခိုင်နှုန်း၊
(ခ) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၇၆ ဦး ၈.၆၃ ရာခိုင်နှုန်း၊
(ဂ) ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၂၅ ဦး ၂.၈၄ ရာခိုင်နှုန်း၊
(ဃ) ရခိုင်အမျိုးသားပါတီ ၂၃ ဦး ၂.၆၁ ရာခိုင်နှုန်း၊
(င) ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၂ ဦး ၀.၂၃ ရာခိုင်နှုန်း၊
(စ) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ ၆ ဦး ၀.၆၈ ရာခိုင်နှုန်း၊
(ဆ) “ဝ”ဒီမိုကရက်တစ်ပါတီ ၂ ဦး ၀.၂၃ ရာခိုင်နှုန်း၊
(ဇ) ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ၃ ဦး ၀.၃၄ ရာခိုင်နှုန်း၊
(ဈ) တအောင်း(ပလောင်) အမျိုးသားပါတီ ၇ ဦး ၀.၇၉ ရာခိုင်နှုန်း၊
(ည) ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ ၁ ဦး ၀.၁၁ ရာခိုင်နှုန်း၊
(ဋ) မွန်အမျိုးသားပါတီ ၂ ဦး ၀.၂၃ ရာခိုင်နှုန်း၊
(ဌ) ကရင်ပြည်သူ့ပါတီ ၁ ဦး ၀.၁၁ ရာခိုင်နှုန်း၊
(ဍ) တစ်သီးပုဂ္ဂလ ၂ ဦး ၀.၂၃ ရာခိုင်နှုန်း၊
(ဎ) စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ၁ ဦး ၀.၁၁ ရာခိုင်နှုန်း၊
(ဏ) ဒီမိုကရက်တစ်ပါတီ(မြန်မာ) ၁ ဦး ၀.၁၁ ရာခိုင်နှုန်း၊
(တ) မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ၁ ဦး ၀.၁၁ ရာခိုင်နှုန်း၊
(ထ) “ဝ”အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ ၁ ဦး ၀.၁၁ ရာခိုင်နှုန်း၊
(ဒ) လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ၂ ဦး ၀.၂၃ ရာခိုင်နှုန်း၊
(ဓ) လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ၃ ဦး ၀.၃၄ ရာခိုင်နှုန်း၊
(န) အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ၁ ဦး ၀.၁၁ ရာခိုင်နှုန်း၊
(ပ) တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုး
တိုးတက်ရေးပါတီ ၂ ဦး ၀.၂၃ ရာခိုင်နှုန်းနှင့်
(ဖ) ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ၁ ဦး ၀.၁၁ ရာခိုင်နှုန်း တို့ ဖြင့် အသီးသီး ရွေးကောက်ခံအနိုင်ရရှိခဲ့ပါသည်။
တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်တွင် ကျား/မပါဝင်မှုအခြေအနေ
၁၆။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်သို့ဝင် ရောက်ယှဉ်ပြိုင်သည့်ပါတီပေါင်း (၉၁) ပါတီနှင့် တစ်သီးပုဂ္ဂလမှ ကိုယ်စားလှယ်လောင်းပေါင်း (၃၄၂၂) ဦးဖြစ်ပါသည်။ ၎င်းတို့အနက်မှ ရွေးကောက်ခံရသည့်ပါတီ(၂၁)နှင့် တစ်သီးပုဂ္ဂလ တို့ဖြစ်ပြီး အနိုင်ရကိုယ်စားလှယ်ပေါင်း(၆၅၉)ဦးဖြစ်ပါသည်။ အမျိုးသားပါဝင်မှုသည် (၅၇၅) ဦးနှင့် အမျိုးသမီးပါဝင်မှုသည် (၈၄) ဦးတို့ဖြစ်ပါသည်။ ရာခိုင်နှုန်းအားဖြင့် အမျိုးသားပါဝင်မှုမှာ ၆၅.၂၇ ရာခိုင်နှုန်းနှင့် အမျိုးသမီး ပါဝင်မှုမှာ ၉.၅၃ ရာခိုင်နှုန်း တို့ပါဝင်ကြောင်းတွေ့ရှိရပါသည်။ အသေးစိတ်ကို ပူးတွဲပါဇယား(၂) တွင် ဖော်ပြထားပါသည်။
တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ရှိ ကိုယ်စားလှယ်များ၏ ကိုးကွယ်ရာဘာသာ
၁၇။ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ်များတွင် ဗုဒ္ဓဘာသာဝင် (၅၈၅) ဦး ရာခိုင်နှုန်းအားဖြင့် ၆၆.၄၀ ရာခိုင်နှုန်းဖြစ်ပြီး ခရစ်ယာန်ဘာသာဝင် (၇၄) ဦး ရာခိုင်နှုန်းအားဖြင့် ၈.၄၀ ရာခိုင်နှုန်းရှိသည်ကို တွေ့ရှိရပါသည်။
တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၏ အလုပ်အကိုင်နှင့်ပညာအရည် အချင်းအခြေအနေများ
၁၈။ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ်များတွင် ပညာအရည် အချင်းအလိုက်ပါဝင်မှုများမှာ-
(က) ဆရာဝန်ဘွဲ့ ၄၄ ဦး ၄.၉၉ ရာခိုင်နှုန်း၊
(ခ) အင်ဂျင်နီယာဘွဲ့ ၃၈ ဦး ၄.၃၁ ရာခိုင်နှုန်း၊
(ဂ) ဥပဒေဘွဲ့ ၅၈ ဦး ၆.၅၈ ရာခိုင်နှုန်း၊
(ဃ) ရိုးရိုးဘွဲ့ ၃၅၅ ဦး ၄၀.၃၀ ရာခိုင်နှုန်းနှင့်
(င) အခြားပညာရပ်ဆိုင်ရာများ ၁၆၄ ဦး ၁၈.၆၂ ရာခိုင်နှုန်း ဖြင့်ပညာရေး နယ်ပယ်အသီးသီးကပါဝင်ကြသည်ကို တွေ့ရှိရပါသည်။
လွှတ်တော် (၃) ရပ်တွင် အမျိုးသမီးပါဝင်မှုအခြေအနေ
၁၉။ လွှတ်တော် (၃) ရပ်တွင် လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၁၁၅၀ ရှိသည့်အနက် အမျိုးသမီး ကိုယ်စားလှယ်ပါဝင်မှုအနေဖြင့် ပြည်သူ့လွှတ်တော်တွင် ၄၄ ဦး ရာခိုင်နှုန်းအားဖြင့် (၁၀) ရာခိုင်နှုန်း၊ အမျိုးသားလွှတ်တော်တွင် ၂၃ ဦး ရာခိုင်နှုန်းအားဖြင့် (၁၀.၂၇) ရာခိုင်နှုန်း၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်တွင် ၈၄ ဦး ရာခိုင်နှုန်းအားဖြင့် (၉.၅၃) ရာခိုင်နှုန်း စသည်ဖြင့် အသီးသီးပါဝင်ပါသည်။
နိုင်ငံတစ်ဝှမ်းလုံးရှိ မဲဆန္ဒရှင်နှင့် မဲပေးမှုတို့၏ အနည်း/အများအခြေအနေများ
၂၀။ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် မဲဆန္ဒရှင်ပေါင်း ၃၄၂၉၅၃၃၄ ဦးရှိပါသည်။ တိုင်းဒေသကြီး နှင့်ပြည်နယ် ၁၄ ခုရှိသည့်အနက် မန္တလေးတိုင်းဒေသကြီးသည် မဲဆန္ဒရှင်အများဆုံးရှိသည့် တိုင်းဒေသကြီးဖြစ်ပြီး ကယားပြည်နယ်သည် မဲဆန္ဒရှင် အနည်းဆုံး ဖြစ်ပါသည်။ မြို့နယ် ၃၂၃ နယ်ရှိသည့်အနက် ရန်ကုန်တိုင်းဒေသကြီးမှ လှိုင်သာယာမြို့နယ်သည် မဲဆန္ဒရှင်အများဆုံးမြို့နယ် ဖြစ်ပြီး ကိုကိုးကျွန်းမြို့နယ်သည် မဲဆန္ဒရှင်အနည်းဆုံးမြို့နယ်ဖြစ်ကြောင်းတွေ့ရှိရပါသည်။
၂၁။ လွှတ်တော် ၃ ရပ်အလိုက် မဲပေးမှုအခြေအနေများကို အောက်ပါအတိုင်းတွေ့ရှိရပါသည် -
(က) ဆန္ဒမဲပေးမှုကို ရာခိုင်နှုန်းအလိုက်ဖော်ပြရာတွင် ပြည်သူ့လွှတ်တော်အတွက် ၆၉.၇၂ ရာခိုင်နှုန်း၊ အမျိုးသားလွှတ်တော်အတွက် ၆၉.၈၂ ရာခိုင်နှုန်း၊ တိုင်းဒေသ ကြီးလွှတ်တော်အတွက် ၆၉.၃၆ ရာခိုင်နှုန်းအသီးသီးဖြစ်ပြီး တစ်နိုင်ငံလုံးအနေဖြင့် ၆၉.၆၃ ရာခိုင်နှုန်းမဲပေးနိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။
(ခ) မကွေးတိုင်းဒေသကြီးသည် ၇၆.၆ ရာခိုင်နှုန်းဖြင့် မဲပေးမှုအများဆုံးတိုင်းဒေသကြီး ဖြစ်ပြီး ကရင်ပြည်နယ်သည် ၄၆.၇၃ ရာခိုင်နှုန်းဖြင့် မဲပေးမှုအနည်းဆုံးပြည်နယ် ဖြစ်ပါသည်။
ပြည်တွင်းပြည်ပမှစောင့်ကြည့်လေ့လာသူများ
၂၂။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာ ရေးအဖွဲ့အစည်း ၆ ဖွဲ့နှင့် ပြည်တွင်းရှိ နိုင်ငံတကာအဖွဲ့အစည်း ၉ ဖွဲ့တို့မှ စောင့်ကြည့်လေ့လာသူ ပေါင်း ၇၆၄ ဦးနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း ၅၃ ဖွဲ့မှ စောင့်ကြည့်လေ့လာသူပေါင်း ၁၁၃၇၀ ဦးတို့မှ စောင့်ကြည့်လေ့လာခဲ့ကြပါသည်။
ရလဒ်များအပေါ်သုံးသပ်ချက်များ
၂၃။ ရလဒ်များသည် နိုဝင်ဘာ ၈ ရက် ညနေမှာပင် NLD ၏ Landslide အောင်မြင်မှုအခြေ အနေကို ရွေးကောက်ခံကိုယ်စားလှယ်များ၊ ပါတီကိုယ်စားလှယ်များမှတစ်ဆင့် တရားမဝင်ရရှိခဲ့ ပြီးဖြစ်ပါသည်။ သို့သော် ရက်ပေါင်းများစွာကြာအောင် အတည်မပြုနိုင်ခဲ့ဘဲ နိုဝင်ဘာ ၉ ရက်မှ ၁၅ ရက်အတွင်း လွှတ်တော်ကိုယ်စားလှယ် ၁၁၅၀ နေရာ၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင်မူ အချို့ ဝေးလံသော တောင်ပေါ်နေရာများမှ ကိုယ်စားလှယ်များအတွက်လည်း အတည်ပြုထုတ်ပြန် ကြေညာနိုင်ခဲ့ပြီးကြောင်းတွေ့ရှိရပါသည်။ တိုင်းရင်းသားလူနည်းစုများ၏ ရွေးကောက်ပွဲအောင် မြင်မှုအခြေအနေမှာ ၂၀၁၀ ခုနှစ်တွင် ၁၅ ရာခိုင်နှုန်းရှိခဲ့သော်လည်း ၂၀၁၅ ခုနှစ်တွင် ၁၁ ရာခိုင်နှုန်း ထိလျော့ကျသွားခဲ့ပါသည်။
၂၄။ ရခိုင်အမျိုးသားပါတီနှင့် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့သာ အများဆုံးအနိုင် ရရှိခဲ့ပါသည်။ စတုတ္ထအကြီးဆုံးပါတီများဖြစ်ကြသော အမျိုးသားရေးအခြေခံ အမျိုးသား တိုးတက်ရေးပါတီနှင့် မြန်မာတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီများသည် လုံးဝအနိုင် မရကြသည်ကိုတွေ့ရှိရပါသည်။
၂၅။ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင်လည်း NLD ပါတီကပင် တိုင်းဒေသ ကြီးလွှတ်တော်များတွင် ၉၅ ရာခိုင်နှုန်း၊ ပြည်နယ်လွှတ်တော်များတွင် ၄၅ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ ကြသည်ကိုတွေ့ရှိရပါသည်။ NLD ပါတီသည် တိုင်းဒေသကြီး ၇ ခုလုံးတွင် အနိုင်ရရှိခဲ့ပြီး ပြည်နယ် ၇ ပြည်နယ်အနက် ၄ ပြည်နယ်တွင် အနိုင်ရရှိခဲ့ကာ ကျန်ပြည်နယ် ၃ ခုတွင်လည်း ကျန် ပါတီများသည် အများစုမလွှမ်းမိုးနိုင်ကြကြောင်း တွေ့ရှိရပါသည်။ ပြည်နယ်များရှိ ဒေသခံ တိုင်းရင်းသားပါတီများအနေဖြင့် မွန် ၃ နေရာ၊ ချင်း ၂ နေရာ၊ ကရင် ၁ နေရာ၊ ကယား ၁ နေရာ သာရရှိခဲ့ကြပါသည်။
၂၆။ နိုင်ငံတကာရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ၏ အစီရင်ခံချက်များအရ ရွေးကောက်ပွဲသည် ကြီးမားသောပြဿနာများမရှိဘဲ ငြိမ်းချမ်းစွာဖြင့် မျှမျှတတရှိခဲ့သည်ကို သိရှိ ရပါသည်။ ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်သူ ၁၂၀၀ ခန့်၊ ပြည်ပစောင့်ကြည့်လေ့လာသူ ၁၀၀၀ ခန့်နှင့် ရွေးကောက်ပွဲကိုယ်စားလှယ် ထောင်ပေါင်းများစွာက ကန့်သတ်ချုပ်ခြယ်မှုမရှိဘဲ၊ တပ်မတော်စခန်းဝင်းအတွင်း မဲရုံများတွင်လည်း အကန့်အသတ်မဲ့ လေ့လာစောင့်ကြည့်နိုင်ခဲ့ကြ သည်ဟု ဆိုပါသည်။ ဆန္ဒမဲရေတွက်မှုများတွင်လည်း ကောင်းမွန်စွာဆောင်ရွက်နိုင်ခဲ့ကြပြီး အချို့ သောအဖွဲ့အစည်းများနှင့် ဆန္ဒမဲနယ်မြေများတွင်မူ ကြိုတင်rမဲဆိုင်ရာများတွင် ပွင့်လင်းမြင်သာမှု အားနည်းခဲ့ကြောင်း ဖော်ပြခဲ့ကြပါသည်။ တရားဝင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းတွင် မပါဝင်မှုကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်ခဲ့သော်လည်း ရွေးကောက်ပွဲနေ့တွင်မူ ၎င်းပြဿနာသည် ကြီးကြီးမားမား မဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရှိရပါသည်။ မဲဆန္ဒနယ် ၂၁ နယ်ကို ကိုယ်စားပြုသော မြို့နယ် (၇) မြို့နယ်တွင် နယ်မြေအခြေအနေမအေးချမ်းမှုကြောင့် ရွေးကောက်ပွဲများမပြုလုပ် နိုင်ပါ။
နိဂုံး
၂၇။ နိဂုံးချုပ်အနေဖြင့် ရွေးကောက်ပွဲကြီးသည် သိသိသာသာချောမွေ့ပြေပြစ်ခဲ့ခြင်း၊ စံချိန်မီ ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ စည်းကမ်းရှိခြင်းတို့နှင့် အောင်မြင်စွာပြီးဆုံးခဲ့သည်ကို တွေ့ရှိရ ပါသည်။ ဒီမိုကရေစီဖော်ဆောင်စနိုင်ငံများ၏ ရွေးကောက်ပွဲများနှင့် နှိုင်းယှဉ်မည်ဆိုလျှင် ကျယ် ပြန့်သည့် လူထုထောက်ခံမှုရရှိခြင်း၊ မဲပေးသည့်ရာခိုင်နှုန်းမြင့်မားခြင်း၊ ရွေးကောက်ပွဲကျင်းပ သည့်ကာလသည် အကြမ်းဖက်မှုမရှိခြင်း၊ မဲစာရင်းလှည့်ဖြားမှုမရှိခြင်းတို့သည် ရွေးကောက်ပွဲ ကြီး၏ ကောင်းမွန်သည့်အချက်များပင်ဖြစ်ပါသည်။ ဘက်ပေါင်းစုံကောင်းမွန်ပြီး အပြစ်ကင်းစင် သည့် ရွေးကောက်ပွဲဟူ၍ မည်သည့်နိုင်ငံမှမရှိသည်ကို တွေ့ရှိရပါကြောင်း သုံးသပ်တင်ပြအပ် ပါသည်။